နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘောလုံးကို ဆက်ကစားဦးမယ်ဆိုတဲ့ ၃၄ နှစ်အရွယ် အကောင်းဆုံးစပိန်ကစားသမား ဆေးဗား

ဇူလိုင်   ၂၈


ဒေးဗစ်ဆေးဗားဟာ အသက် ၃၄ နှစ်ရှိနေပါပြီ။ ဒါပေမဲ့ ကစားနိုင်တုန်း၊ သန်တုန်း၊ မြန်တုန်းပါဘဲ။ ဒါကြောင့်လဲ မန်စီးတီးအတွက် နောက်ဆုံးပွဲကို ကစားအပြီးမှာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး စပိန်ကစားသမားအဖြစ် ပရိသတ်တွေက မဲပေးရွေးချယ်လိုက်ပါတယ်။ ဒီအစီအစဉ်ကို SportBibble ဆိုတဲ့ ဝက်ဆိုက်ကနေ တွစ်တာမှာတင်လိုက်တာပါ။ ပရိသတ် ၃၂၀၀၀ က မဲပေးခဲ့တာကြောင့် ဒီစစ်တမ်းက ခိုင်မာတယ်လို့ဆိုရမှာပါ။ ပရိသတ်မဲပေးမှုအရ စပိန်ကစားသမားများ မဲပေးခံရမှုမှာ ဖာဘရီဂတ်က ၁၉ ဒသမ ၄ ရာခိုင်နှုန်း ဒီဂီယာက ၁၉ ရာခိုင်နှုန်း၊ ဖာနန်ဒိုတောရက်က ၁၉ ဒသမ ၃ ရာခိုင်နှုန်းနဲ့ ဒေဗစ်ဆေးဗားက ၄၂ ဒသမ ၃ ရာခိုင်နှုန်းရတာကြောင့် ပရီးမီးယားလိဂ်အကောင်းဆုံးအဖြစ်ဆိုခဲ့ကြတာပါ။


ဆေးဗားဟာ ပရီးမီးယားကိုရောက်ချိန်ကစပြီး ယခုအချိန်ထိ ၁၀ နှစ်တာကာလအတွင်း မန်စီးတီးရဲ့ ဂန္ထဝင်တစ်ယောက်ဖြစ်လာပါတယ်။ နော့ဝှစ်ချ်နဲ့ ပွဲကစားပြီးအခါမှာ ပရီးမီးယားလိဂ်ကိုနှုတ်ဆက်နေပါပြီ။ ဒါပေမဲ့ ချန်ပီယံလိဂ်ပွဲတွေကိုတော့ ဆက်ကစားသွားဦးမှာပါ။ ဒေးဗစ်ဆေးလ်ဗားဟာ ပရီးမီးယားလိဂ်ဖလား    ၄ လုံး၊ အက်ဖ်အေ ၂ လုံးနဲ့ ကာရာဘောင်ဖလား ၅ လုံးပေါင်း ဖလား ၁၁ လုံးအထိရယူပေးခဲ့ပါတယ်။ မန်စီးတီးနဲ့လမ်းခွဲပြီးရင် အခြားအသင်းပြောင်းပြီးကစားဦးမှာပါ။ ပရီးမီးယားလိဂ် ကစားသမားဘ၀ရပ်တန့်ဖို့ ဆုံးဖြတ်ချိန်မှာတောင် ဆေးဗားဟာ အောင်မြင်နေတဲ့စပိန်ကစားသမားတစ်ယောက်ဖြစ်နေတာဟာ ဂုဏ်ယူစရာပင်ဖြစ်ပါတယ်။                                                                                                                 


(SO)






အခြားဆက်စပ်သတင်းများ