နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စည်းကမ်းတကျ လိုက်နာစေချင်

ရန်ကုန်၊ ဇူလိုင် ၂၈


ရန်ကုန်မြို့တော်တွင် လူဦးရေတိုးတက်များပြားလာမှု၊ တစ်နိုင်ငံလုံးမှ ကုန်စည်များစုစည်းရောက်ရှိ၍ ကုန်သွယ်မှုထွက်ပေါက်ဖြစ်ခြင်း၊ ခရီးသွားများဆုံစည်းရာ မြို့ဖြစ်ခြင်းတို့ကြောင့် ယာဉ်ကြောကျပ်တည်းမှုများ ဖြစ်ပေါ်လျက်ရှိသည်။ ယာဉ်ကြောပိတ်ဆို့မှုလျော့နည်းရေးအတွက် တာဝန်ရှိသူများက နည်းလမ်းမျိုးစုံဖြင့် ဖြေရှင်းဆောင်ရွက်နေသော်လည်း ပြေလည်မှုမရှိသည်မှာ အထင်အရှားပင်ဖြစ်သည်။

ရန်ကုန်မြို့တွင်းဧရိယာအတွင်းရှိ အဓိကလမ်းမကြီးများတွင် မော်တော်ယာဉ်များ လွယ်လင့်တကူမောင်းနှင် ရန်အတွက် လမ်းများ၊ လူသွားစင်္ကြံများတိုးချဲ့ခြင်းများ ဆောင်ရွက်ပေးခဲ့သည်။ ထိုသို့လမ်းများ၊ ပလက်ဖောင်း များ တိုးချဲ့ပေးသည့် လမ်းများ၊ ရပ်နားစခန်းများ တိုးတက်လာသော်လည်း ရန်ကုန်မြို့တော်အတွင်း မော်တော်ယာဉ်များ တစ်နေ့တစ်ခြား တိုးတက်များပြားလာ၍ ခြောက်လမ်းသွားလမ်းမကြီးများအပါအဝင် အဓိကလမ်းမကြီးများပေါ်၌ ယာဉ်များစည်းကမ်းမဲ့ရပ်နားကြသဖြင့် ယာဉ်ကြောပိတ်ဆို့မှုနှင့် ယာဉ်မတော်တဆမှုများ တိုးတက်များပြားလာကြောင်း တွေ့ရသည်။

အဓိကလမ်းမကြီးများပေါ်တွင် စည်းကမ်းမဲ့ယာဉ်ရပ်နားခြင်းမရှိစေရေးနှင့် ခရီးသည်တင်ယာဉ်များ ခေတ္တခဏရပ်နားခြင်းမှအပ မည်သည့်ယာဉ်ရပ်နားခြင်းမပြုရန် သက်ဆိုင်ရာသတိပေးနှိုးဆော်ချက်များ အသိပေးထားသည်။ ခရီးသည်တင်ယာဉ်များ ရပ်၊ တင်၊ ချ စနစ်ကျင့်သုံးလိုက်နာစေသည်။ ပြည်သူများအနေဖြင့် စည်းကမ်းများကို တိကျစွာလိုက်နာခြင်းဖြင့် လုပ်ငန်းများ ပိုမိုထိရောက်အောင်မြင်လာမည်ဖြစ်သည်။ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို ဆောင်ရွက်ရာတွင် အောင်မြင်မှုများရရှိခဲ့သကဲ့သို့ ပြည်သူများ စည်းကမ်းစနစ်တကျ လိုက်နာထိန်းသိမ်းဆောင်ရွက်သင့်သည်။ ယင်းစည်းကမ်းထိန်းသိမ်းမှုကို စဉ်ဆက်မပြတ် ဆောင်ရွက်မှသာလျှင် လုပ်ငန်းများထိရောက်အောင်မြင်မည်ဖြစ်သည်။

ယခုအခါ ကမ်းနားလမ်းတစ်လျှောက်နှင့် စက်မှုဇုန်များသို့သွားလာလျက်ရှိသော ကွန်တိန်နာမော်တော်ယာဉ် များ များပြားလာလျက်ရှိရာ ယင်းနှင့်ဆက်စပ်လမ်းများတွင် မော်တော်ယာဉ်များသွားလာမှု တုံ့နှေးကာ ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်လာသည်။ ယာဉ်ကြောကျပ်တည်းမှုကြောင့် ယာဉ်မတော်တဆဖြစ်ပွားမှု၊ သိသာစွာလျော့နည်းခြင်းမရှိသည်ကို တွေ့ရသည်။ ယာဉ်မောင်းသူများ၏ စည်းကမ်းတကျမောင်းနှင်မှု               လိုက်နာဆောင်ရွက်မှုအားနည်းလျက်ရှိရာ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက ထိန်းသိမ်းအရေးယူလျက်ရှိသည်။ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက ပွိုင့်တစ်ခုနှင့် တစ်ခု ချိတ်ဆက်၍ ယာဉ်ကြောရှင်းလင်းခြင်း အချိန်ကိုက် တစ်ပြိုင်နက်ထိန်းသိမ်းခြင်းသည် ယာဉ်ကြောကျပ်တည်းမှုကို အထောက်အကူပြုမည်ဖြစ်ရာ လမ်းများပေါ်တွင် အကျည်းတန်အရုပ်မဆိုးအောင် ကိုယ်စီအသိစိတ်ဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက်စေချင်ကြောင်း။       ။






အခြားဆက်စပ်သတင်းများ