ဇူလိုင် ၂၇
ပရီးမီးယားလိဂ်ရဲ့ နောက်ဆုံးပွဲစဉ်တွေကို အသင်းတိုင်း တစ်ပြိုင်တည်းတစ်ချိန်တည်း ယှဉ်ပြိုင်လို့ ပြီးခဲ့ပါပြီ။ ချန်ပီယံလိဂ်ဝင်ခွင့်နေရာအတွက် အပြိုင်ဖြစ်နေတဲ့ မန်ယူ၊ လက်စတာ၊ ချယ်လ်ဆီးတို့အတွက်လည်း အဖြေထွက်ခဲ့ပါပြီ။ လက်စတာတို့က မန်ယူကိုရှုံးနိမ့်ခဲ့တာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်ကိုဆုံးရှုံးခဲ့ရပါတယ်။
ဒါပေမယ့် လက်စတာအသင်းရဲ့တိုက်စစ်မှူး ဗာဒီကတော့ နောက်ဆုံးပွဲမှာ တစ်ဂိုးလေးမျှတောင် ဂိုးမသွင်းခဲ့ပေမယ့် ဒီရာသီအတွက် ပရီးမီးယားလိဂ်ရဲ့ ရွှေဖိနပ်ဆုရှင်ဖြစ်ခဲ့ရပါပြီ။
ဗာဒီဟာ ဒီရာသီအစပိုင်းနဲ့ အလယ်ပိုင်းလောက်သွင်းဂိုးတွေနဲ့ စုစုပေါင်း ၂၃ ဂိုးသွင်းပြီး ဒီဆုကိုရရှိခဲ့တာပါ။ ဗာဒီဟာ ကစားသမား ဘဝမှာ ရွှေဖိနပ်ဆုကို နှစ်ကြိမ်မြောက်ရရှိခဲ့ခြင်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီတုန်းက ဆာဒီယိုမာနေ၊ မိုဆာလာတို့နဲ့ နောက်ဆုံးနေ့အထိ ဂိုးတွေတူပြီး ပူးတွဲရွှေဖိနပ်ဆုရခဲ့တာပါ။ ယခုရာသီမှာ ဂိုးအများဆုံး ဒုတိယနေရာမှာတော့ ဆောက်သမ်တန်တို့ရဲ့ ဒန်နီအင်နဲ့ အာဆင်နယ်လ်ရဲ့ အူဘာမီယန်းတို့က ၂၂ဂိုးဆီနဲ့ ရပ်တည်ခဲ့ပါတယ်။ လက်စတာတို့ဟာ ချန်ပီယံလိဂ်ဝင်ခွင့်တိုက်ပွဲမှာ မန်ယူကို ၂-၀ နဲ့ရှုံးပြီး ဝင်ခွင့်ကို လက်မြှောက်ထွက်ခွာခဲ့ရတာပါ။ ပထမပိုင်းမှာ ဂိုးမရှိသရေကျနေရာမှ ဘရူနိုဖာနန်ဒက်စ်ရဲ့ ပင်နယ်တီ ကန်သွင်းမှုကြောင့် တစ်ဂိုးပေးလိုက်ရပါတယ်။
ဒုတိယပိုင်းမှာ ဂိုးသမားအမှားကနေ ဂျက်ဆီလင်ဂတ်ရဲ့ ရာသီသိမ်းဂိုးနဲ့ ပွဲသိမ်းပေးလိုက်ရတာကြောင့် လက်စတာတို့အဆင့်ငါးကိုရောက်ရှိသွားကာ စပါးနဲ့အတူ ယူရိုပါလိဂ်မှာပဲကစားရတော့မှာပါ။
(SO)