ဇူလိုင် ၂၇
စီးရီးအေထိပ်သီးကလပ်ဂျူဗင်တပ်ဟာ ဆမ်ဒိုးရီးယားကို ၂-၀ နဲ့ ဂိုးပြတ်အနိုင်ယူကာ အဖိုးတန်သုံးမှတ် ရရှိသွားတာကြောင့် စီးရီးအေချန်ပီယံဆုကို ကိုးရာသီဆက်တိုက်ရယူခဲ့ပါတယ်။
ဒီရာသီစီးရီးအေချန်ပီယံဆုဟာ ဂျူဗင်တပ်အတွက် ၃၈ ကြိမ်မြောက် ချန်ပီယံဆုလည်းဖြစ်ပါတယ်။ အိမ်ရှင် ဂျူဗင်တပ်တို့ကွင်းမှာ ဧည့်သည်ဆမ်ဒိုးရီးယားကို ရော်နယ်လ်ဒိုဦးဆောင်တိုက်စစ်နဲ့အတူ ဧည့်ခံကစားခဲ့ကြပါတယ်။
ဆမ်ဒိုးရီးယားကအမှတ်မလိုတော့တဲ့အသင်း၊ ဂျူဗင်က ချန်ပီယံဆုအတွက် လက်တစ်ကမ်းမှာရှိတဲ့အသင်း ဒီနှစ်သင်းရဲ့တွေ့ဆုံမှုမှာ ဆမ်ဒိုးရီးယားက ဖိအားကင်းကင်းနဲ့ လက်ကျန် ပွဲတွေကိုကျော်ဖြတ်နေတာပါ။ ဂိုးသွင်းဘုရင် ဆုအတွက်လည်း ပြိုင်ဘက်အင်မိုဘီလီက ဟက်ထရစ် သွင်းထားတာကြောင့် ရော်နယ်လ်ဒိုအတွက်သွင်းဂိုးတွေ လိုအပ်နေပါတယ်။ ဒီပွဲရဲ့ အဖွင့်ဂိုးကိုတော့ ရော်နယ်လ်ဒိုက မနားတမ်းကန်သွင်းရယူခဲ့ပါတယ်။
ဒုတိယပိုင်းအစမှာလည်း ဆမ်ဒိုးရီးယားတို့က ထိုးဖောက် မှုတွေပိုမိုလုပ်ဆောင်ခဲ့ပါတယ်။ ဒုတိယသွင်းဂိုးကတော့ ရော်နယ်လ်ဒိုကန်ချက်ကနေပြန်လျှံထွက်လာတဲ့ ဘောလုံးကို လူစားဝင်လာတဲ့ ဘာနာဒက်စကီးက သွင်းယူပေးခဲ့ပါတယ်။
ဂျူဗင်တို့ပင်နယ်တီကန်ခွင့်ကို ရော်နယ်လ်ဒိုကန်သွင်းသော်လည်း ဂိုးတိုင်ထိထွက်သွားလို့ ဂျူဗင်နဲ့ ရော်လ်နယ်အတွက် တစ်ဂိုးနစ်နာခဲ့ ရပါတယ်။ ပွဲအပြီးမှာတော့ ဂျူဗင်တို့ဟာ လိုအပ်နေတဲ့ရမှတ်ရရှိသွားလို့ ဒီရာသီမှာလည်း စီးရီးအေ ချန်ပီယံဆုကြီးကို ကိုင်မြှောက်ခွင့်ရရှိသွားပြန်ပါတယ်။
(SO)