နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရိုမေးနီးယားတင်းနစ်မယ် ဆီမွန်နာပါလာမိုအိုးပင်းတင်းနစ်ပြိုင်ပွဲမှ နုတ်ထွက်ဖွယ်ရှိ

ဇူလိုင်   ၂၇


ကမ္ဘာ့အဆင့် ၂ ရိုမေးနီးယားတင်းနစ်မယ် ဆီမွန်နာသည် အီတလီနိုင်ငံ၌ကျင်းပမည့် ပါလာမို အိုးပင်းတင်းနစ်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် နာမည်စာရင်းပေးသွင်းထားသော်လည်း COVID-19 ရောဂါ ထိန်းချုပ်ရေးအတွက် အီတလီအာဏာပိုင်အဖွဲ့အစည်းက ထုတ်ပြန်ထားသောညွှန်ကြားချက်များကြောင့် ပြိုင်ပွဲမှ နုတ်ထွက်ဖွယ်ရှိကြောင်း သိရသည်။


လာမည့် ဩဂုတ် ၃ ရက်တွင် စတင်ကျင်းပမည်ဖြစ်သည့် ပါလာမိုအိုးပင်းတင်းနစ်ပြိုင်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ကြမည့် ပြည်တွင်း၊ ပြည်ပကစားသမားများအနေဖြင့် အီတလီအာဏာပိုင်အဖွဲ့အစည်း၏ ညွှန်ကြားချက်အရ Quarantine ဝင်ရမည်ဖြစ်သည်။


Quarantine ကာလကိုလည်း ၁၄ ရက်ထိ သတ်မှတ်ထားသည့်အတွက် ဆီမွန်နာအနေဖြင့် ရိုမေးနီးယားနိုင်ငံမှ အီတလီနိုင်ငံသို့ သွားရောက်မည့်အချိန်မှာ ပြိုင်ပွဲနှင့်နီးကပ်နေသည့်အတွက် Quarantine ၁၄ ရက် ဝင်ရမည်ဆိုပါက ခက်ခဲသည့် အခြေအနေဖြင့် ရင်ဆိုင်ရဖွယ်ရှိနေသည်။


ပါလာမိုအိုးပင်းတင်းနစ်ပြိုင်ပွဲကျင်းပရေးကော်မတီ ဥက္ကဋ္ဌ အိုလီဗီယာရိုက “အီတလီအာဏာပိုင် အဖွဲ့အစည်းက ထုတ်ပြန်ထားတဲ့ထုတ်ပြန်ချက်ကြောင့် ဆီမွန်နာဟာ ပြိုင်ပွဲကနေနုတ်ထွက်ရမယ့် အခြေအနေဖြစ်နေပါတယ်။ သူဟာ ကမ္ဘာ့အဆင့် ၂ တင်းနစ်မယ်ဖြစ်သလို ဝင်ဘယ်လ်ဒန်တင်းနစ်ချန်ပီယံ တစ်ယောက်လည်းဖြစ်ပါတယ်။ ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်ဟာ ဒီလိုကစားသမားကို ပြိုင်ပွဲမဝင်နိုင်ဖို့ ဖိအားပေးနေသလိုဖြစ်နေပါတယ်”ဟု ပြောကြားခဲ့သည်။ ပါလာမိုအိုးပင်းတင်းနစ်ပြိုင်ပွဲကျင်းပရေး ကော်မတီက ကမ္ဘာ့အဆင့်ကစားသမားများ ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိရန် အီတလီကျန်းမာရေး ဝန်ကြီး ဌာနထံ တင်ပြတောင်းဆိုသွားမည်ဖြစ်ကြောင်း သိရသည်။                                                            


(သူရိန်)






အခြားဆက်စပ်သတင်းများ