နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျင်းပမည့်ရက် ထပ်မံရွှေ့ဆိုင်းရနိုင်တဲ့ ကမ္ဘာ့ချန်ပီယံရှစ် မြန်မာ့ရိုးရာလက်ဝှေ့ပွဲ

ဇူလိုင်   ၂၇


ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်ရလျှင် ဩဂုတ်လ ၇ ရက်တွင် ရန်ကုန်မြို့မှာ ပရိသတ်မပါဘဲ ကမ္ဘာ့ချန်ပီယံရှစ်မြန်မာ့လက်ဝှေ့ပြိုင်ပွဲ WLC-12 ကို ကျင်းပဖို့ စီစဉ်ထားခဲ့ပေမယ့်လည်း ကျင်းပမယ့်ရက်ကိုထပ်မံရွှေ့ ဆိုင်းရဖွယ်ရှိနေပါတယ်လို့ မြန်မာ့လက်ခမောင်းကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက လူမှုကွန်ရက်မှာ ရေးသားထားတာတွေ့ရပါတယ်။


  WLC-12  ပြိုင်ပွဲကျင်းပဖို့စီစဉ်ထားပေမယ့် COVID-19 ရောဂါကာကွယ်ထိန်းချုပ်တားဆီးရေး အမိန့်ညွှန်ကြားချက်များကို ဇူလိုင် ၁၅ ရက်ထိ သက်တမ်းတိုးမြှင့်လိုက်တာကြောင့် ပြိုင်ပွဲကျင်းပမည့်ရက်ကို နောက်ဆုတ်ခဲ့ရပါတယ်။ လက်ရှိတွင် COVID-19 ရောဂါကာကွယ်ထိန်းချုပ်တားဆီးရေးအမိန့်ညွှန်ကြား ချက်ကို ဇူလိုင်လ  ၃၁ ရက်အထိ ထပ်မံတိုးမြှင့်လိုက်တာကြောင့်  WLC-12   ပြိုင်ပွဲကို ထပ်မံရွှေ့ဆိုင်းရဖွယ် ရှိနေပါတယ်။  WLC-12   ပြိုင်ပွဲကို ရက်နောက်ဆုတ်ကျင်းပမည်ဆိုသော်လည်း ကျင်းပရန်စီစဉ်ထားတဲ့ရက်ကို မထုတ်ပြန်သေးပါ။ 


WLC-12    ပြိုင်ပွဲကို ရန်ကုန်မြို့နှင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တို့မှာ ပရိသတ်မပါဘဲ ကျင်းပမည်ဖြစ်သော်လည်း ရုပ်သံမှတိုက်ရိုက်ထုတ်လွှင့်ပြသရန် စီစဉ်ထားကြောင်းသိရပါတယ်။              


(SO)






အခြားဆက်စပ်သတင်းများ