နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Facebook တွင် feature သစ်တစ်ခုစမ်းသပ်

ဇူလိုင် ၂၇


နာမည်ကြီးပုဂ္ဂိုလ်အချို့၏ အကောင့်များတွင် ဦးစွာစမ်းသပ်ပြီးနောက် Facebook သည် အင်္ဂလိပ် ဘာသာသုံးစာမျက်နှာများတွင်လည်း layout ဒီဇိုင်းသစ်ကိုစမ်းသပ်နေပြီဖြစ်သည်။


မိုဘိုင်း app အတွက်ပုံစံသစ်အနေဖြင့်စမ်းသပ်ထားသည့် features တစ်ခုက Page နာမည်၊ အညွှန်းနှင့် Follower အရေအတွက်ကိုအသားပေးထားသည့်ဒီဇိုင်းဖြစ်သည်။ ယခင်က Page ဒီဇိုင်းဟောင်း ဖြင့်မတူသည်က Layout သစ်တွင် Follower ပမာဏ၊ page အကြောင်းနှင့် Story Highlights များကို        ထင်ရှားစွာတွေ့နိုင်အောင်စီစဉ်ထားပြီး Like button ကိုဖျောက်ထားခြင်းဖြစ်သည်။


Followers အရေအတွက်သည် ယင်း Page မှတက်လာသည့်အကြောင်းအရာသစ်များကို အမှန်တကယ် ကြည့်ရှုသူများအား ကိုယ်စားပြုခြင်းဖြစ်ပြီး Likes အရေအတွက်ထက် Page ၏ပျံ့နှံ့နှုန်းကိုပိုမိုတိကျစွာညွှန်း သွားမည်ဖြစ်သည်။ Layout သစ်နှင့်အတူ Facebook သည် Page  ပိုင်ရှင်များကိုအကောင့်စီမံမှုပုံစံသစ်များသုံးခွင့်လည်းပေးထားကြောင်း Engadget သတင်းကပြောထားသည်။


features  သစ်တွင်ယင်းတို့၏ personal profiles နှင့် Pages များအကြားအလွယ်တကူ ညွှန်းပေးနိုင်အောင် လုပ်ဆောင်ထားသည်။ Page ကိုင်သူအတွက် admin access ပေးခြင်းကိုလည်း ပိုမိုလွယ်ကူအောင်လုပ်ထားသည့်အပြင်ယင်း Page ၏အားအကောင်းဆုံးပို့စ်များနှင့် Instagram အကောင့်ဖြင့်ချိတ်ဆက်ထားသည့် ပရိတ်သတ်များကိုပါ Insights သစ်တွင်ကြည့်နိုင်အောင်စီမံထားသည်။


လက်ရှိတွင် အဆိုပါ  layout အတွေ့အကြုံသစ်ကိုသရုပ်ဆောင်များ၊စာရေးဆရာများ၊ ဖန်တီးသူနှင့်   မီဒီယာအချို့အတွက် စမ်းသပ်ရန်ပေးသုံးထားကြောင်းသိရသည်။ အဆိုပါ feature သစ်ကို Facebook မိုဘိုင်း အက်ပ်တွင်စမ်းသပ်ထားပြီး တရားဝင်ဖြန့်ချိမည့်အချိန်ကိုအတိအကျ မသိရသေးပေ။ 


(HWY)






အခြားဆက်စပ်သတင်းများ