နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နာနတ်သီးထွက်ရှိချိန်တွင် ဈေးနှုန်းကျဆင်းပြီးအရောင်းအဝယ်နည်းနေ

 လားရှိုး ဇူလိုင်  ၂၇


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ သစ်သီးဝလံအရောင်းဆိုင်များတွင် နမ့်ပျဉ်ကျေးရွာ၊ ပန်မုံကျေးရွာနှင့် တောင်လန်းကျေးရွာတို့မှ ထွက်ရှိသောနာနတ်သီးများဈေးကွက်သို့ရောက်ရှိလာသော်လည်း ယခုနှစ်တွင်နာနတ်သီးအထွက်နည်းပြီး တရုတ်နိုင်ငံမှ အဝယ်ပိတ်ထားခြင်းတို့ကြောင့် ဈေးနှုန်း ကျဆင်းကာအရောင်းအဝယ် အေးနေကြောင်းသိရသည်။


''အခုထွက်ရှိတဲ့အသီးတွေကနမ့်ပျဉ်၊ပန်မုံနဲ့  တောင်လန်းကျေးရွာဒေသကထွက်ရှိတဲ့ အသီးတွေပါ။ ပြီးခဲ့တဲ့နှစ်ကတစ်ရက်ကိုအလုံးရေ ၇ဝဝဝ၊ ၈ဝဝဝ လောက်ဝင်တယ်။  ဒီနှစ်ကတော့တစ်ရက်ကိုအလုံး ၂၅ဝဝ လောက်ပဲဝင်တယ်။ အရင်နှစ်ကဆိုရင် အနိမ့်ဆုံးငွေကျပ်   ၃၅ဝ  ကနေအမြင့်ဆုံးငွေကျပ် ၅ဝဝ အထိရတယ်။ ဒီနှစ်ကတော့ငွေကျပ်  ၃၅ဝ၊ ၄ဝဝ အထိပဲရှိတယ်''ဟုသစ်သီးဝလံရောင်းချသူတစ်ဦးကပြောသည်။


နာနတ်သီးများထွက်ရှိလာသော်လည်းဒေသတွင်းစားသုံးမှုနည်းပါးခြင်း၊ တရုတ်နိုင်ငံမှ အဝယ်ပိတ်ထား ခြင်းကြောင့်အရောင်းအဝယ်နည်းနေပြီး စိုက်ပျိုးရောင်းချသူများအခက်အခဲဖြစ်ပေါ်လျက်ရှိသည်။


(သူရိန်)






အခြားဆက်စပ်သတင်းများ