နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပုဇွန်တောင်မြို့နယ်တွင် ရပ်ကွက်အလိုက် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား အခြေခံ စားသောက်ကုန်များ ပေးအပ်

ရန်ကုန် ၊ ဧပြီ ၁၃ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ဧပြီ ၁၂ ရက်၊ နံနက် ၁၀ နာရီအချိန်မှ စတင်၍ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် နိုင်ငံတော်အစိုးရမှ ပေးအပ်သော အခြေခံ စားသောက်ကုန်ဖြစ်သည့် ဆန် ၈ ပြည်၊ ဆီ ၅၀ ကျပ်သား၊ ဆား ၅၀ ကျပ်သား၊ ကြက်သွန်နီ ၁ ပိဿာ၊ ကုလားပဲ ၁ ပိဿာတို့ကို ပုဇွန်တောင်မြို့နယ်၊ အမှတ် (၁) ရပ်ကွက်၊ အမှတ် (၂) ရပ်ကွက်၊ အမှတ် (၃) ရပ်ကွက်၊ အမှတ် (၆) ရပ်ကွက်၊ အမှတ် (၇) ရပ်ကွက်တို့မှ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု ၂၂၁ စုထံသို့ မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်း၊ မဲဆန္ဒနယ်အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးတင့်လွင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးချမ်းငြိမ်းအောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ဦးဆောင်သောအဖွဲ့များက လက်ဝယ်အရောက် ပေးအပ်ခဲ့စဉ်။ နေခြည် (ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ