နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရေဘေးအန္တရာယ်ကာကွယ်ရေး ကြိုတင်ပြင်ဆင်

ရန်ကုန်၊ ဇူလိုင် ၂၇


ယနေ့အချိန်အခါတွင် မုတ်သုံမိုးရွာသွန်းမှုကြောင့် မြစ်ကမ်းနဘေးနေထိုင်သော ဒေသများတွင် မြစ်ရေ  ရုတ်တရက်ကြီးမှုဖြစ်ပေါ်လျက်ရှိပေသည်။ ဧရာဝတီမြစ်ရေသည် မန္တလေးမြို့၊ မြင်းမူမြို့၊ စစ်ကိုင်းမြို့များတွင် နောက်နှစ်ရက်မှ သုံးရက်အတွင်း ယင်းမြို့များ၏စိုးရိမ်ရေမှတ်အသီးသီးသို့ ရောက်ရှိလာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတိပေးထုတ်ပြန်ထားသည်။ ရာသီပြောင်းလဲမှုနှင့် နောက်ဆက်တွဲသဘာဝဘေးအန္တရာယ်များသည် ထိန်းချုပ်၍မရကြောင်း အချိန်မရွေး၊ နေရာဒေသမရွေး ဖြစ်ပေါ်နိုင်သည်။

ယခုအခါ မိုးရာသီကာလ မြစ်ကမ်းဘေးကျေးရွာများ ကျေးလက်နေပြည်သူများ ရေဘေးကာကွယ်ရေး နည်းလမ်းများနှင့် သတိပြုရမည့်အချက်များ သရုပ်ပြရှင်းလင်းလျက်ရှိသည်။ တပ်မတော်အနေဖြင့် လူသားချင်း စာနာထောက်ထားမှုကူညီပေးရေးနှင့် သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိရာ သဘာဝဘေးအန္တရာယ်များအပါအဝင် ဘေးအန္တရာယ်အမျိုးမျိုးကို အချိန်တိုအတွင်းတုံ့ပြန်ရာတွင် အမိန့်တစ်စုံတစ်ရာ စောင့်ဆိုင်းခြင်းမပြုဘဲ အလျင်အမြန်ဆုံး သွားရောက်ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

သက်ဆိုင်ရာဌာနများမှ ကြီးကြပ်၍ မြစ်ကမ်းနားနှင့် တာတမံများအနီးတွင်နေထိုင်သော ပြည်သူများ ရေဘေးအန္တရာယ်ကာကွယ်ရေးအတွက် သရုပ်ပြသခြင်းကို ဆောင်ရွက်လျက်ရှိရာ ရေဘေးအန္တရာယ် ကာကွယ်ရေးအတွက် တာထိပ်ပေါ်ရေကျော်ခြင်း၊ ရေဖောက် (ထူးပေါက်) ပေါက်ခြင်း၊ တာအိခြင်း၊ သဲဗွက်ထ ခြင်း၊ လှိုင်းပုတ်ခြင်းများကာကွယ်ရေး၊ သရုပ်ပြသခြင်းကို ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်ဖွဲ့ဝင်များ၊ မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့က ပူးပေါင်းလေ့ကျင့် သရုပ်ပြဆောင်ရွက်ကြသည်။ ရေဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ရာ ကြိုတင်ပြင်ဆင်ထားရန်အတွက် အထောက်အပံ့ဖြစ်စေသည်။

သဘာဝဘေးအန္တရာယ်လျော့ပါးရေးတွင်  ရပ်ရွာလူထုစွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းများကို ဘက်စုံ၊ ကဏ္ဍစုံမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်လျက်ရှိရာ ဘေးအန္တရာယ်စီမံခန့်ခွဲမှုစက်ဝန်းပါ ဖြစ်နိုင်ချေလျှော့ချပြင်ဆင်ခြင်း၊ ကြိုတင်အသင့်ပြင်ဆင်ခြင်း၊ အရေးပေါ်တုံ့ပြန်ခြင်း၊ ပြန်လည်ထူထောင်ခြင်းဟူသည့် ကြိုတင်ပြင်ဆင်ထားခြင်း ဖြင့် ထိခိုက်မှု၊ လျော့နည်းပြီး ထောက်ပံ့မှုများလည်း မြန်ဆန်ထိရောက်မည်ဟု ဆိုချင်ပါကြောင်း။       ။






အခြားဆက်စပ်သတင်းများ