နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ စားနပ်ရိက္ခာများထောက်ပံ့ပေးအပ်

ရန်ကုန် ဧပြီ ၁၃ နိုင်ငံတော်အစိုးရမှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလက်လုပ်လက်စားများကို ထောက်ပံ့ပေးခြင်းအစီအစဉ် အဖြစ် ရရှိသောရိက္ခာပစ္စည်းများကို ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် မိုးလုံလေလုံအားကစားကွင်းတွင် လက်ခံထားရှိပြီး အမှတ်(၂၀)ရပ်ကွက်အတွင်း Home Stay နေထိုင်ကြသော မိသားစုများအား မြို့နယ် COVID-19 ကော်မတီမှ ပြည်သူ့လွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ အဖွဲ့ချုပ်အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ လူမှုဝန်ထမ်းကျောင်းအုပ်ဆရာမကြီး၊ မြို့နယ်စီမံကိန်းဦးစီးမှူး၊ မြို့နယ်ပြန်/ဆက်ဦးစီးမှူး၊ မြို့နယ်စာရင်းစစ် မှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ဗော်လံတီယာများမှ ရပ်ကွက်အတွင်းအဖွဲ့များခွဲကာ ဧပြီ ၁၂ ရက်၊ ညနေ ၅ နာရီခန့်က လူစု လူဝေးမဖြစ်စေရန် အိမ်တိုင်ရာရောက် လိုက်လံဝေငှပေးခဲ့ကြစဉ်။ (NWA)






အခြားဆက်စပ်သတင်းများ