ဇူလိုင် ၂၆
ယာဂင်ကလော့ဟာ သူ့ရဲစနစ်မှာ ဖာမင်နိုကို ဂိုးသွင်းဖို့ တိုက်စစ်မှူးအဖြစ်ထားတာ မဟုတ်ပါဘူးတဲ့ အခြားအသင်းတွေမှာတော့ တိုက်စစ်မှူးဟာ ဂိုးသွင်းဖို့ထားပေမယ့် လီဗာပူးလ်မှာတော့ တိုက်စစ်မှူးက တွဲဘက် တွေဂိုးသွင်းနိုင်ဖို့ ဖန်တီးမှုကို တာဝန်ယူရတာပါ။ ကလော့က အဲဒီတာဝန်ကို ဖာမင်နိုကိုပေးထားတာပါ။
ဒါကြောင့် ဖာမင်နိုသွင်းသမျှ ဂိုးတွေဟာ အဝေးဂိုးတွေပဲဖြစ်ပါတယ်။ တိုက်စစ်လိုင်းတွေမှာ ဖာမင်နိုက လိုချင်သလို ပုံဖော်ကစားနိုင်သူပါ။ တိုက်စစ်ခံစစ်အကူးအပြောင်းမှာ ဘောလုံးကိုပြန်ဆယ်ပေးနိုင်စွမ်းရှိပါတယ်။ အသင်းဖော်တွေအတွက် နေရာလွတ်တွေ ဘယ်လိုရှာပေးရမယ်၊ ဖန်တီးပေးရမယ်ဆိုတာကို တွက်ဆနိုင်ပါတယ်။ ဘောလုံးမန်နေဂျာတိုင်း၊ ပြိုင်ဘက်တိုက်စစ်သမားတိုင်းက လီဗာပူးလ်တိုက်စစ်သုံးယောက်တန်းမှာ ဖာမင်နိုကို အထင်အကြီးဆုံးဖြစ်ရတာက သူ့ရဲ့ အစဉ်အလာကနေဖောက်ထွက်တဲ့ ကစားဟန်ကြောင့်ဖြစ်ပါတယ်။ ဖာမင်နို ဟာ သူဂိုးရဖို့ထက် အသင်းနိုင်ပွဲရဖို့ ကစားတဲ့ ခေတ်သစ်တိုက်စစ်သမားဖြစ်ပါတယ်။ ဖာမင်နိုရဲ့လုပ်ဆောင်မှုမှာ ဂိုးထောက်ပံ့မှုဆိုတာလဲမပါဝင်ခဲ့ပါဘူး။ ဝက်ဖို့ဒ်နဲ့ ပထမရာသီဝက်မှာ ၂-၀ နဲ့ နိုင်စဉ်က ဆာလတ်ရဲ့အဖွင့်ဂိုးကို ဂိုးထောက်ပံ့ပေးသူက မာနေးဖြစ်ပါတယ်။ ဒါပေမယ့် မာနေးဘောလုံးရဖို့ ဖာမင်နိုက နောက်ပြန်အနေအထားကနေ ဘယ်ခြမ်းကပြေးတက်သွားမယ့် မာနေးရဲ့ ပြေးလမ်းကြောင်းပေါ်ကို ဘောလုံးအရောက်ပေးပို့ခဲ့သူဖြစ်ပါတယ်။ ဒါက သူ့ရဲ့နေရာလွတ်ကိုတွက်ဆနိုင်မှုပဲဖြစ်ပါတယ်။ သူကိုယ်တိုင်တော့ အသင်းအတွက်၊ ဂိုးထောက်ပံ့မှုအတွက် မပြုလုပ်ခဲ့ပါဘူး။ ဖာမင်နိုဟာ သွင်းဂိုးနဲ့ပတ်သက်တဲ့ဆုတံဆိပ်လဲ ဘယ်တော့မှရမှာမဟုတ်ပါဘူး၊ ဒါပေမယ့် ဖာမင်နိုဟာအသင်းအတွက် ခေတ်သစ် တိုက်စစ်မှူးတစ်ဦးပါပဲ ။
(SO)