နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရီးရဲလ်မက်ဒရစ်က အသင်းမှမလိုအပ်သည့် ကစားသမားများကို ရောင်းချရန် ပြင်ဆင်

ဇူလိုင်  ၂၆


ရီးရဲလ်မက်ဒရစ်အသင်းသည် လာမည့် အပြောင်းအရွှေ့ကာလတွင် ကစားသမားသစ်ခေါ်ယူရေးအတွက် ပြောင်းရွှေ့ကြေးအသုံးစရိတ် စတာလင်ပေါင် သန်း ၁၈၀ ရရှိရန် အသင်းမှ မလိုအပ်သည့် ကစားသမားများကို ရောင်းချရန် ပြင်ဆင်နေကြောင်း သိရသည်။

ရီးရဲလ်မက်ဒရစ်အသင်းနည်းပြ ဇီဒန်းအနေဖြင့် အသင်းမှ မလိုအပ်သည့်ကစားသမားများကို ရောင်းချလိုနေပြီး အပြောင်းအရွှေ့ကာလတွင် ထိပ်တန်းကစားသမားသစ်များ ခေါ်ယူရန်အတွက် ဂါရတ်ဘေးလ်၊ စီဘယ်လော့၊ ရိုဒရီဂွက်ဖ်နှင့် လူကာဂျိုဗစ်အပါအဝင် ကစားသမား အများအပြားကို ရောင်းချရန် ပြင်ဆင်နေခြင်းဖြစ်သည်။

ရီးရဲလ်မက်ဒရစ်အသင်းက အပြောင်းအရွှေ့ကာလတွင် ဦးစားပေးအနေဖြင့် အသင်းတွင် မြင့်မားသည့် လုပ်ခစာငွေပေးချေနေရသည့် ဂါရတ်ဘေးလ်ကို ရောင်းချလိုနေပြီး ယင်းအနေဖြင့် နည်းပြ ဇီဒန်း၏ ဦးစားပေး ရောင်းချမည့် စာရင်းတွင် ထိပ်ဆုံးမှပါဝင်လျက်ရှိသည်။

နည်းပြ ဇီဒန်းက အပြောင်းအရွှေ့ကာလတွင် အသင်းမှ ပြောင်းရွှေ့ကြေး စတာလင်ပေါင် သန်း ၁၈၀ ခန့်ထိရရှိရန် အသင်းရှိကစားသမားများကို ရောင်းချလိုနေပြီး ထိပ်တန်းကစားသမားသစ်များ ခေါ်ယူအင်အား ဖြည့်တင်းရန် ပြင်ဆင်နေခြင်းဖြစ်သည်။                                                    


(သူရိန်)






အခြားဆက်စပ်သတင်းများ