နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တောင်ဥက္ကလာပမြို့နယ်၌ ပြည်သူများစည်းကမ်းလိုက်နာစွာဖြင့် လမ်းမများပေါ် သွားလာမှုနည်းပါး

ရန်ကုန် ဧပြီ ၁၃ တောင်ဥက္ကလာပမြို့နယ် ကိုရိုနာဗိုင်းရပ်စ် (COVID-19)ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း ကော်မတီမှ ကိုရိုနာဗိုင်းရပ်စ် (COVID-19)ရောဂါနှင့်ပတ်သက်ပြီး ကာကွယ်ထိန်းချုပ်ကုသရေးနှင့် ကူညီထောက်ပံ့ရေးလုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်နေသူများမှအပ ပြည်သူများအနေဖြင့် သင်္ကြန်ကာလ ရုံးပိတ်ရက်များဖြစ်သည့် ၁၀-၄-၂၀၂၀ ရက်မှ ၁၉-၄-၂၀၂၀ ရက်အထိ မဖြစ်မနေဆောင်ရွက်ရမည့် ကျန်းမာရေးကိစ္စရပ်များနှင့် အစားအသောက်ဝယ်ယူခြင်း ကိစ္စရပ်များမှလွဲ၍ နေအိမ်ပြင်ပသို့ထွက်ခွာသွားလာ ခြင်းများမပြုလုပ်ဘဲ မိမိ၏နေအိမ်၌ (Home Stay) နေထိုင်ခြင်းဖြင့် အသွားအလာကန့်သတ်ခြင်း အစီအစဉ် အား ပြည်သူများမှ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် ၄-၄-၂၀၂၀ ရက်မှစ၍ ယနေ့အထိ မြို့နယ်အတွင်းအသံချဲ့စက်များဖြင့် နေ့စဉ်နှိုးဆော်လာခဲ့ရာ ယနေ့အချိန်အခါတွင် မြို့နယ်အတွင်းနေထိုင်သော ပြည်သူများမှာ စည်းကမ်းလိုက်နာစွာဖြင့် မြို့နယ်အတွင်းရှိ လမ်းမကြီးများဖြစ်သော သုမင်္ဂလာလမ်း၊ သစ္စာလမ်း၊ မေတ္တာလမ်း၊ ဝေဇယန္တာလမ်း၊ သံသုမာလမ်း၊ ရတနာလမ်း၊ ပါရမီလမ်းမကြီးနှင့် ရပ်ကွက်များအတွင်းရှိ လမ်းသွယ်လေးများပေါ်၌ပင် သွားလာခြင်းနည်းပါးပြီး မဖြစ်မနေဆောင်ရွက် ရမည့်ကိစ္စရပ်များမှအပ အိမ်အပြင်သို့မထွက်ခွာဘဲ နေအိမ်များ၌ စည်းကမ်းရှိစွာနေထိုင်၍ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေး ပူးပေါင်း ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း တွေ့ရစဉ်။ နေထက်အောင်






အခြားဆက်စပ်သတင်းများ