နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မီဒီယာလွတ်လပ်ခွင့်ပြဿနာကြောင့် ဟန်ဂေရီသတင်းဌာနမှ ဂျာနယ်လစ် ၇၀ ကျော် နုတ်ထွက်

ဇူလိုင် ၂၅၊ ဘူဒါပက်စ်

ဟန်ဂေရီအစိုးရက ယင်းတို့၏ဝက်ဘ်ဆိုက်ကို ဖျက်စီးရန် သို့မဟုတ် ဘက်တော်သားအဖြစ် သိမ်းသွင်းရန် ကြိုးပမ်းနေသည်ဟု စွပ်စွဲခဲ့ပြီး Index သတင်းဌာနမှ ဂျာနယ်လစ်များနှင့် ရုံးအဖွဲ့ဝင် ၇၀ ကျော်မှာ ရာထူးမှ နုတ်ထွက်ခဲ့ကြသည်။ Index သတင်းဌာနမှာ ဟန်ဂေရီနိုင်ငံတွင် နောက်ဆုံးကျန်ရှိသည့် လွတ်လပ်သောသတင်းမီဒီယာတစ်ခုဖြစ်ပြီး တာဝန်ခံအယ်ဒီတာ ဇာဘို့စ်ဒူးမှာလည်း ပြီးခဲ့သည့်အင်္ဂါနေ့တွင် ရာထူးမှ ထုတ်ပယ်ခံခဲ့ရသည်။ ဇာဘို့စ်ဒူးကို ရာထူးမှထုတ်ပယ်ခြင်းမှာ ကြားဝင်စွက်ဖက်ခြင်းဖြစ်ပြီး ယင်းတို့ဝက်ဘ်ဆိုက်အပေါ် ဖိအားပေးရန် ကြိုးပမ်းခြင်းဖြစ်သည်ဟု ဂျာနယ်လစ်များက ပြောသည်။

နာရီပိုင်းအကြာတွင် ဆန္ဒပြသူများက ဘူဒါပက်စ်မြို့တွင် စုဝေးပြီး မီဒီယာလွတ်လပ်ခွင့် တောင်းဆို ခဲ့ကြသည်။ ဆန္ဒပြသူများက ဝန်ကြီးချုပ်ရုံးသို့ ချီတက်ရန် စီစဉ်ခဲ့ကြသည်။ ပြီးခဲ့သည့်ဆယ်စုနှစ်အတွင်း အမျိုးသားရေးနှင့် ကွန်ဆာဗေးတစ်အမြင်ရှိသည့် ဝန်ကြီးချုပ် ဗစ်တာအော်ဘန်းကို ထောက်ခံသူများက ဟန်ဂေရီနိုင်ငံ၏ လွတ်လပ်သည့်မီဒီယာကဏ္ဍကို တဖြည်းဖြည်းချင်း ပိုမိုထိန်းချုပ်လာခဲ့သည်။ ဟန်ဂေရီနိုင်ငံမှာ နယ်စည်းမခြားသတင်းထောက်များအဖွဲ့က ထုတ်ပြန်သည့် ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်အညွှန်းကိန်းတွင် နိုင်ငံ ၁၈၀ အနက် အဆင့် ၈၉ နေရာ ရပ်တည်နေသည်။ တာဝန်ခံ အယ်ဒီတာ ဇာဘို့စ်ဒူးကို ပြန်လည်ခန့်အပ်ပေးရန် ဘုတ်အဖွဲ့ဥက္ကဋ္ဌ ဘိုဒိုလိုင်းက ငြင်းဆန်ခဲ့ပြီးနောက် ထိပ်တန်းအယ်ဒီတာသုံးဦးနှင့် ဂျာနယ်လစ်၊ ရုံးအဖွဲ့ဝင် ၇၀ ကျော်က အလုပ်မှထွက်ခဲ့ခြင်းဖြစ်သည်။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ