ရန်ကုန် ဧပြီ ၁၃ နိုင်ငံတော်အစိုးရ၏ထောက်ပံ့ကူညီမှုဖြင့် ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား ထောက်ပံ့ရေးပစ္စည်း ၅ မျိုးတို့ကို မြို့နယ်တာဝန်ရှိသူများနှင့် ရပ်ကွက်ကျေးရွာများမှတာဝန်ရှိသူများက ဧပြီ ၁၂ ရက်၊ နံနက်ပိုင်းမှစတင်၍ အိမ်တိုင်ရာရောက်သွားရောက်ကာ ထောက်ပံ့ရေးပစ္စည်းများကိုပေးအပ်လျက်ရှိကြောင်း တွေ့ရစဉ်။ ဇင်မင်းထိုက်(ထန်းတပင်)