မြန်အောင် ဧပြီ ၁၃ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့တွင် COVID-19 ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ ကာကွယ်ကုသရေး ဆောင်ရွက်နေစဉ်ကာလအတွင်း မြို့ပေါ်ရှိ အခြေခံလူတန်းစားများဖြစ်သည့် အနှေး ယာဉ်လုပ်သားများနှင့်စည်ပင်သာယာရေးအဖွဲ့ သန့်ရှင်းရေးဝန်ထမ်းများ စားသောက်ရေးအဆင်ပြေစေရန် မြန်အောင်မြို့ လမ်းလျှောက်သင်္ကြန်ကျင်းပရေးအဖွဲ့မှ ဆန်၊ ဆီ ၊ ကြက်သွန် စသည့်စားသောက်ဖွယ်ရာများကို ဧပြီ ၁၃ ရက် နံနက်က မြန်အောင်နေခြည်ဈေးရှေ့တွင် ပေးလှူခဲ့စဉ်။ ဝင်းဗိုလ်(မြန်အောင်)