နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဗျူဟာအရအရေးပါသည့် ချန်ဒူးမြို့ရှိ အမေရိကန်ကောင်စစ်ဝန်ရုံးကို ပိတ်ပစ်ရန် တရုတ်အစိုးရ ညွှန်ကြား

ဇူလိုင် ၂၄၊ ဘေဂျင်း


တင်းမာမှုမြင့်တက်နေသည့် အမေရိကန်နှင့် တရုတ်နိုင်ငံကြား အပြန်အလှန် လက်တုံ့ပြန်မှုများ တစ်စထက်တစ်စ ကြီးထွားလာခဲ့ပြီး တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချန်ဒူးမြို့ရှိ အမေရိကန် ကောင်စစ်ဝန်ရုံးကို ပိတ်ပစ်ရန် တရုတ်အစိုးရက ညွှန်ကြားလိုက်သည်။ အဆိုပါလုပ်ရပ်မှာ ယခုရက်သတ္တပတ် အစောပိုင်းက ဟူစတန်မြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံးကို ပိတ်ခိုင်းသည့် အမေရိကန်အစိုးရ၏ လုပ်ရပ်ကို တုံ့ပြန်လိုက်ခြင်းဖြစ်ကြောင်း တရုတ်အစိုးရက ပြောသည်။

တရုတ်နိုင်ငံက ဉာဏမူပိုင်ခွင့်များ ခိုးယူနေခြင်းကြောင့် ဟူစတန်မြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံးကို ပိတ်ခိုင်းခဲ့ခြင်းဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုက ပြောသည်။ အမေရိကန်နှင့် တရုတ်နိုင်ငံမှာ ကုန်သွယ်ရေး၊ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ၊ ဟောင်ကောင်မြို့တွင် လုံခြုံရေးဥပဒေသစ် ချမှတ်မှု စသည့် အကြောင်းအရာများနှင့်ပတ်သက်ပြီး တင်းမာမှုများ မြင့်တက်လျက်ရှိသည်။ ချန်ဒူးမြို့ရှိ အမေရိကန် ကောင်စစ်ဝန်ရုံးကို ၁၉၈၅ ခုနှစ်ကတည်းက ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ဝန်ထမ်း ၂၀၀ ကျော် ရှိသည်။ ချန်ဒူးမြို့မှာ တိဘက်ဒေသနှင့် နီးစပ်ပြီး တိဘက်ဒေသကို ကုန်းတွင်းပိုင်းမှဝင်ရောက်နိုင်သည့် ပင်မဝင်ပေါက်ဖြစ်၍ ချန်ဒူးမြို့ ကောင်စစ်ဝန်ရုံးက ဗျူဟာမြောက်အရေးပါသည့်နေရာဖြစ်သည်ဟု တရုတ်နိုင်ငံဆိုင်ရာ ဘီဘီစီ သတင်းထောက်များက ပြောသည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ