နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိန္ဒိယနိုင်ငံရှိ ကွာရန်တင်းစင်တာတွင် ၁၄ နှစ်အရွယ် မိန်းကလေးငယ် လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်ခံရဟု ဆို

ဇူလိုင် ၂၄၊ နယူးဒေလီ


အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ Covid-19 ကွာရန်တင်းစင်တာရှိ အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးကို အခြားလူနာတစ်ဦးက လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်ခဲ့ကြောင်း သတင်းများက ဖော်ပြသည်။ အဆိုပါဖြစ်ရပ်တွင် စွပ်စွဲခံရသူ အမျိုးသားနှင့် ရုပ်သံမှတ်တမ်း ရိုက်ကူးခဲ့သည့် အခြားအမျိုးသားတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ စွပ်စွဲခံရသူမှာ အသက် ၁၉ နှစ်အရွယ်ရှိသည်။ ယင်းတို့သုံးဦးလုံးမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးရှိကြောင်း စစ်ဆေးတွေ့ရှိပြီး ရောဂါလက္ခဏာ အနည်းငယ်ပြနေသူများဖြစ်ကာ အိန္ဒိယနိုင်ငံရှိ အကြီးမားဆုံး Covid-19 ကွာရန်တင်းစင်တာဖြစ်သည့် ခုတင် ၁၀၀၀၀ ဆံ့ ကွာရန်တင်းစင်တာတွင် အသွားအလာ ကန့်သတ်ခံထားရသည်။ 

လိင်ပိုင်းဆိုင်ရာတိုက်ခိုက်ခဲ့သည်ဆိုသောဖြစ်ရပ်မှာ ဇူလိုင်လ ၁၅ ရက်နေ့က ဖြစ်ပွားခဲ့သော်လည်း မကြာသေးမီကမှ သတင်းထွက်ပေါ်လာခြင်းဖြစ်သည်။ '' စွပ်စွဲခံထားရသူတွေကို ဖမ်းဆီးထိန်းသိမ်း ထားပါတယ်။ ဒါပေမဲ့ ရောဂါမပျောက်ကင်းသရွေ့ ကျန်းမာရေးစောင့်ရှောက်ပေးသွားမှာပါ''ဟု ထိပ်တန်း ရဲအရာရှိ ပါဗင်ဒါဆင်းမ်က ပြောသည်။ ကွာရန်တင်းစင်တာ၏ ရေချိုးခန်းအတွင်း လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်းဟု ဒေသခံမီဒီယာများက ဖော်ပြသည်။ မိန်းကလေးငယ်က ကွာရန်တင်းစင်တာတွင် ယင်းနှင့်အတူရှိနေသည့် မိသားစုဝင်တစ်ဦးကို အဆိုပါဖြစ်ရပ်အကြောင်း ပြောပြခဲ့ပြီးနောက် အာဏာပိုင်များကို အကြောင်းကြားခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့အကြီးဆုံး ကွာရန်တင်းစင်တာဟု သတ်မှတ်ထားသည့် အဆိုပါစင်တာမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါလက္ခဏာများရှိပြီး နေအိမ်တွင် သီးသန့်ခွဲခြားနေထိုင်ရန် အဆင်မပြေသူများကို ထားသည့်နေရာဖြစ်သည်။ အိန္ဒိယနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၁ ဒသမ ၂ သန်းကျော် ရှိနေပြီး ကမ္ဘာပေါ်တွင် ရောဂါကူးစက်ခံရသူ တတိယအများဆုံးနိုင်ငံ ဖြစ်နေသည်။ ပြီးခဲ့သည့်ရက်သတ္တပတ်ကလည်း မွမ်ဘိုင်းမြို့ရှိ ကွာရန်တင်းစင်တာတွင် အမျိုးသမီးတစ်ဦး လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်ခံခဲ့ရသည်ဟု သတင်းထွက်ပေါ်ခဲ့ပြီး ဘီဟာပြည်နယ်၊ ပါတနာမြို့ရှိ ကွာရန်တင်းစင်တာတွင်လည်း အသက်မပြည့်သေးသူတစ်ဦးကို သီးသန့်ဆောင်အတွင်း အဓမ္မပြုကျင့်ခဲ့သည်ဟုဆိုကာ အမျိုးသားတစ်ဦးကို ဖမ်းဆီးခဲ့သည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ