နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရွှေစျေးကွက်များ ပြန်လည်ဖွင့်လှစ်နေပြီဖြစ်သော်လည်း ရွှေပန်းထိမ်လုပ်ငန်းအများစု ရပ်နားထားရဆဲ

ရန်ကုန်  ဇူလိုင်   ၂၃


ပြည်တွင်း၌ ရွှေစျေးကွက်များ ပြန်လည်ဖွင့်လှစ်နေပြီ ဖြစ်သော်လည်း ရွှေဆိုင်များမှ အပ်ထည်အော်ဒါများ မရသဖြင့် ရွှေပန်းထိမ်လုပ်ငန်းအများစု ရပ်နားထားရဆဲဖြစ်ကြောင်း ရန်ကုန်မြို့ရှိ ရွှေပန်းထိမ်လုပ်ငန်းများမှ သိရသည်။

နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကူးစက်ပြန့်ပွားမှုနှင့်ပတ်သက်၍ စိုးရိမ်ရဆဲ အခြေအနေတွင်ရှိနေသေးသဖြင့် သက်ဆိုင်ရာမှ ရောဂါကာကွယ်ထိန်းချုပ်ရေးကန့်သတ်ကာလအားတိုးမြှင့် သတ်မှတ်ထားသည့်အတွက် စီးပွားရေးလုပ်ငန်းအများစုမှာလည်း လုပ်ငန်းများ ပုံမှန်ပြန်လည်မလည်ပတ်နိုင် သေးသလို ရွှေဆိုင်အချို့သည်လည်း ပိတ်ထားဆဲဖြစ်ကြောင်း သိရသည်။

အလားတူ ရွှေဆိုင်များအပေါ် အမှီပြုလုပ်ကိုင်နေရသော ရွှေပန်းထိမ်လုပ်ငန်းအများစုမှာလည်း ရပ်နားထားရဆဲဖြစ်ပြီး ရွှေဆိုင်များမှနေ၍ အပ်ထည်အော်ဒါများ မပေးနိုင်သေးသဖြင့် ယခုကဲ့သို့ ရွှေပန်းထိမ် လုပ်ငန်းများ ရပ်နားထားရခြင်းဖြစ်ကြောင်း၊ ထိုသို့ ရွှေပန်းထိမ်လုပ်ငန်းများ ရပ်နားထားရသောကြောင့် ရွှေပန်းထိမ်လုပ်သားများအနေနှင့် ယင်းတို့မိသားစု စားဝတ်နေရေးအတွက် အခက်အခဲများရှိလာကြောင်း ရန်ကုန်မြို့မှ ပန်းထိမ်ဆရာတစ်ဦးက ပြောသည်။

ရန်ကုန်မြို့ရှိ ရွှေပန်းထိမ်လုပ်သားများထဲတွင် နယ်ဘက်ဒေသများမှ လာရောက်လုပ်ကိုင်သူများ အများ အပြားရှိပြီး ယခုအခါ အလုပ်ရပ်နားထားသည့်ကာလ ကြာမြင့်လာသောကြောင့် ရန်ကုန်မြို့တွင် ဆက်လက် နေထိုင်စားသောက်နိုင်ရေးအတွက် အခက်အခဲများရှိလာကြောင်း သိရသည်။                               


(မိုးယံထက်)






အခြားဆက်စပ်သတင်းများ