ရန်ကုန် ဧပြီ ၁၂ အူရီဒူးမြန်မာသည် ယခုလို COVID-19 ရောဂါဖြစ်နေတဲ့ ခက်ခဲနေတဲ့အချိန်မှာ အန္တရာယ်ကင်းဖို့နဲ့ အားလုံးနဲ့အတူ အဆက်အသွယ်မပြတ်ရှိနေဖို့အူရီဒူးမှ ယခင်ကထက်ဈေးနှုန်း ပိုမိုသက်သာသည့် ဒေတာ Pack များ၊ ဖုန်းခေါ်ဆိုရန် Voice Pack များနှင့် မိမိကြိုက်နှစ်သက်ရာနည်းဖြင့် ဖုန်းငွေဖြည့်ပြီး ရရှိမည်ဖုန်းငွေဖြည့် အပိုလက်ဆောင်များကို အူရီဒူးအသုံးပြုသူများအတွက် အထူးအစီအစဉ်များအဖြစ် ဝန်ဆောင်မှုပေးအပ်လိုက်ပြီဖြစ်ကြောင်းသိရသည်။ အူရီဒူးဝန်ဆောင်မှုအသုံးပြုသူများအနေဖြင့် ပုံမှန်ငွေဖြည့်ကတ်များဖြင့်ဖြစ်စေ၊ E top-up ဖြင့်ဖြစ်စေ၊ My Ooredoo App ကနေဖြစ်စေ မိမိကြိုက်နှစ်သက်သည့်နည်းလမ်းဖြင့် ဖုန်းငွေဖြည့်လိုက်တိုင်းတွင် ပမာဏများပြားသော ဖုန်းငွေဖြည့်အပိုလက်ဆောင် ၁၂၀ ရာခိုင်နှုန်းကို ရရှိနိုင်မှာဖြစ်ပါသည်။ ရရှိထားသော ဖုန်းငွေဖြည့်အပိုလက်ဆောင်ကို သုံးသလောက်ပေးနှုန်းထားဖြင့် ဒေတာအသုံးပြုခြင်းနှင့် အူရီဒူးအချင်းချင်း ဖုန်းခေါ်ဆိုချင်းတို့ကို ၅ ရက်တာ အသုံးပြုနိုင်မှာဖြစ်သည်။ 1GB ကို ၉၉၉ ကျပ်သာကျသင့်မည့် ယခုစတင်ဝန်ဆောင်မှုပေးလိုက်သည့် ဒေတာ Pack အသစ်ဖြင့် အူရီဒူး၏ ဝန်ဆောင်မှုကို အသုံးပြုသူများအနေဖြင့် မြန်မာ့အမြန်ဆုံးနှင့် အကျယ်ပြန့်ဆုံး မိုဘိုင်းကွန်ရက်ကို အသုံးပြုပြီး အကောင်းဆုံးအင်တာနက်အစီအစဉ်များကို အသုံးပြုနိုင်တော့မည်ဖြစ်သည်။ 750MB ကို ၇၉၉ ကျပ်သာကျသင့်သည့် အစီအစဉ်မှစပြီး ၂၀ GB ကို ၉,၉၉၉ သာကျသင့်မည့် အစီအစဉ်အထိ ဒေတာ Pack အမျိုးအစားသစ် (၆)မျိုးရှိပြီး အူရီဒူးဝန်ဆောင်မှုအသုံးပြုသူများအနေဖြင့် မိမိတို့၏ လိုအပ်ချက်အပေါ်မူတည်၍ ကြိုက်နှစ်သက်ရာ ဒေတာ Pack ကို *140# ကို ဖုန်းခေါ်၍ဖြစ်စေ၊ My Ooredoo App မှတစ်ဆင့်ဖြစ်စေ ဝယ်ယူနိုင်သည်။ အဆိုပါဒေတာ Pack များသည် အသုံးပြုရန်ကျန်ရှိနေသော ဒေတာကို ယခင်ကကဲ့သို့ သက်တမ်းမကုန်ခင်တွင် အစီအစဉ်သစ်တစ်ခု ထပ်ဝယ်ခြင်းဖြင့် သက်တမ်းတိုးနိုင်မည်ဖြစ်သည်။ အူရီဒူးမှ “မိနစ်အကန့်အသတ်မရှိ ဖုန်းခေါ်ဆိုမှုအစီအစဉ်”ကို ၎င်း၏ ဝန်ဆောင်မှုကိုအသုံးပြုသူ များအနေဖြင့် အူရီဒူးအချင်းချင်း အကန့်အသတ်မရှိ ဖုန်းခေါ်ဆိုနိုင်ရန် ၉၉၉ ကျပ်ဖြင့် ဝန်ဆောင်မှုပေး ထားသည်။ အဆိုပါ ဖုန်းခေါ်ဆိုမှုအစီအစဉ် Voice Pack များမှာ အမျိုးအစား (၅)မျိုးရှိပြီး မိမိတို့နှစ်သက်ရာကို ရွေးချယ်ဝယ်ယူနိုင်သည်။ ယင်းတို့အနေဖြင့် *150# ကို ဖုန်းခေါ်၍ဖြစ်စေ My Ooredoo App မှတစ်ဆင့်ဖြစ်စေ Voice Pack ကိုဝယ်ယူနိုင်ကြောင်းသိရသည်။ AMH(မြို့တော်သတင်း)