နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရှမ်းပြည်မြောက်ပိုင်း သီပေါဒေသထွက် နာနတ်သီးများ ရွေ့လျားရောင်းချခြင်းဖြင့် မိသားစုစီးပွားရေး အဆင်ပြေနေကြ

  သီပေါ  ဇူလိုင်  ၂၃


ရှမ်းပြည်မြောက်ပိုင်း သီပေါဒေသထွက်နာနတ်သီးများပေါ်ချိန် ကားများ၊ သုံးဘီးဆိုင်ကယ်များပေါ်တင်ကာ ရွေ့လျားရောင်းချခြင်းဖြင့် ပုံမှန်ဝင်ငွေရရှိနေကာမိသားစုပုံမှန်ဝင်ငွေ ဖော်ဆောင်ပေးနေကြောင်းHightJet မော်တော်ယာဉ်ဖြင့် တစ်မြို့ဝင် တစ်မြို့ထွက်၊ တစ်ရပ်ကွက်ဝင် တစ်ရပ်ကွက်ထွက် လိုက်လံရောင်းချနေသည့် ဦးမောင်ဦးထံက သိရသည်။

ရှမ်းပြည်မြာက်ပိုင်း သီပေါမြို့နယ်ထွက် နာနတ်သီးများအားမြေပြန့်ဒေသမှ ကားအစီးပြတ်ဖြင့်သွားရောက် ဝယ်ယူကာ ညောင်ဦး၊ ပခုက္ကူ၊ ကျောက်ပန်းတောင်းမြို့များတွင် လက်လီ၊ လက်ကားပြန်လည်ပေးကာ Light Truck မော်တော်ယာဉ်၊ HightJet မော်တော်ယာဉ်၊ သုံးဘီးမော်တော်ဆိုင်ကယ်များပေါ်တင်ကာ တစ်မြို့ဝင် တစ်မြို့ထွက်၊ ရပ်ကွက်များသို့ ရွေ့လျားလိုက်လံရောင်းချကြကြောင်း ဦးမောင်ဦးက ပြောသည်။ သီပေါ ဒေသနာနတ်ခင်းများတွင် ဘယ်ဈေးဖြင့်ဝယ်ရသည်ကိုမသိရှိရသော်လည်း ကုန်တင်မော်တော်ယာဉ် ကြီးများမှတစ်ဆင့် ပြန်လည်ဝယ်ယူရာတွင် နာနတ်သီးတစ်လုံး ၃၅၀ ကျပ်မှ ၄၀၀ ကျပ်ပေးဝယ်ရကာ မော်တော်ယာဉ်၊ သုံးဘီးဆိုင်ကယ်ဖြင့် လိုက်လံရောင်းချချိန် တစ်လုံးငါးရာကျပ်ဖြင့် ရောင်းချကြကြောင်း ရပ်ကွက်ထဲအထိ လိုက်လံရောင်းချခြင်းများကြောင့် ဝယ်ယူစားသုံးသူများပြားကာ တစ်နေ့စာရောင်းချ ရန်ဝယ်ယူသည့် နာနတ်သီးများကုန်ကြောင်း ပခုက္ကူ၊ ကျောက်ပန်းတောင်း၊ ညောင်ဦး ၊ ပုဂံ၊ ငါ့သရောက်တို့တွင် ရှမ်းပြည်မြောက်ပိုင်း သီပေါဒေသထွက် နာနတ်သီးများရွေ့လျား လိုက်လံရောင်းချခြင်းဖြင့် နာနတ်သီးရောင်းချသူများဝင်ငွေကောင်းရရှိကာ မိသားစုစားဝတ်နေရေးအဆင်ပြေနေကြကြောင်း နာနတ်သီးရောင်းချသူများထံကသိရသည်။                                                                                             

ကိုထိန်၊KPD






အခြားဆက်စပ်သတင်းများ