နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရခိုင်ပြည်နယ် ကျောင်းအများစုတွင် အထက်တန်းပြ ဆရာ၊ ဆရာမ များ လိုအပ်ချက် မြင့်နေ

စစ်တွေ ဇူလိုင်  ၂၃


ရခိုင်ပြည်နယ်ရှိ စာသင်ကျောင်းအများစုမှာ အထက်တန်းပြ ဆရာ၊ ဆရာမ လိုအပ်ချက် အခက်အခဲ များဖြစ်နေကြောင်း အခြေခံပညာဦးစီးဌာနထံမှ သိရသည်။
ရခိုင်ပြည်နယ်တွင် အလယ်တန်းပြ၊ မူလတန်းပြအဖြစ် သင်ကြားနေသည့် ဆရာ၊ ဆရာမ များအနက်  အထက်တန်းသင်ကြားနိုင်မည့် ဆရာ၊ ဆရာမများဖြင့် အစားထိုးသင်ကြားနိုင်ရန်  ပြည်နယ် ပညာရေးမှူး၊ ပြည်နယ် အစိုးရအဖွဲ့များက စီစဉ်ဆောင် ရွက်နေရကြောင်း သိရသည်။


“အထက်တန်းပြမရှိတဲ့ အရမ်းခက်ခဲနေတဲ့ ပြည်နယ်နဲ့တိုင်းအချို့ ရှိပါတယ်။ ဒီထဲမှာ ရခိုင်ပြည်က အထက်တန်းပြမရှိတဲ့ ကျောင်းတော်တော်များတယ်။ အောက်ခြေအဆင့်ကနေ ဖြေရှင်းလို့မရတာရှိရင်တော့ အခြေခံပညာကနေကူညီဖြေရှင်းပေးဖို့မှာထားပြီးဖြစ်တယ်”ဟု အခြေခံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူး            ဦးကိုလေးဝင်းက ပြောသည်။


ပြည်နယ်နှင့် တိုင်းဒေသကြီးရှိ  စာသင်ကျောင်းများ၌ အထက်တန်းပြ၊ အလယ်တန်းပြ ၊ မူလတန်းပြ ဆရာ၊ ဆရာမများလိုအပ်ချက်ရှိလာပါက သက်ဆိုင်ရာ တိုင်းပညာရေးမှူး ၊ ခရိုင်ပညာရေးမှူး ၊အစိုးရအဖွဲ့ စသည့် တာဝန်ရှိသူများအနေဖြင့်  ဖြေရှင်းရမည်ဖြစ်ပြီး လက်ရှိ ဆရာ၊ ဆရာမ အပြောင်းအရွှေ့များကြောင့်  အထက်တန်းပြအတွက် အခက်အခဲဖြစ်နေပါက အလယ်တန်းပြ မဟာဘွဲ့ရရှိထားသူ၊ မူလတန်းပြ မဟာဘွဲ့ ရရှိထားသူ ဆရာ၊ ဆရာမများကို အထက်တန်းစာသင်ကြားခွင့်ပေးမည်ဖြစ်ကြောင်း သိရသည်။


ထို့အပြင် တိုင်းဒေသကြီးအတွင်း ဆရာ၊ဆရာမ ပိုလျှံနေသော ကျောင်းများရှိပါက လိုအပ်မှု ရှိနေသည့် ကျောင်းများသို့ပို့ပြီး တာဝန်ပေးနိုင်ကြောင်း သိရသည်။                                                


မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ