ဇူလိုင် ၂၃
နေ့စဉ် လိမ္မော်ဖျော်ရည်သောက်သုံးခြင်းသည် အသက်ကြီးသည့်သူများအတွက် ဦးနှောက်၏ စွမ်းအားကို မြှင့်တင်ပေးနိုင်ကြောင်း သုတေသနတစ်ခုက အခိုင်အမာဆိုလိုက်သည်။
ထိုသို့ လိမ္မော်ရည်နေ့စဉ်သောက်သုံးခြင်းသည် မှတ်ဉာဏ်၊ စကားပြောခြင်းနှင့် တုံ့ပြန်မှုတို့မှာ နှစ်လအတွင်း သိသိသာသာ တိုးတက်လာစေနိုင်ကြောင်း သိရသည်။
“ဒါဟာ Flavonoids လို့ခေါ်တဲ့ ဓာတုဗေဒပစ္စည်းတစ်မျိုးကြောင့်ပဲဖြစ်ပါတယ်။ အဲ့ဒီဓာတုဗေဒပစ္စည်းကို လိမ္မော်သီးတွေထဲမှာ ပမာဏများများတွေ့ရတယ်။ Flavonoids ဟာ ဦးနှောက်ရဲ့သင်ကြားမှုနဲ့ မှတ်ဉာဏ်တို့ကို လုပ်ဆောင်တဲ့အပိုင်း Hippocampus ကို အချက်ပြခြင်းနဲ့ လှုံ့ဆော်ပေးတဲ့အတွက် ဦးနှောက်ရဲ့စွမ်းရည်ကို မြှင့်တင်ပေးနိုင်တာဖြစ်တယ်”ဟု သုတေသီတစ်ဦးက ပြောသည်။
Reading တက္ကသိုလ်မှ သုတေသီအဖွဲ့သည် အသက် ၆၀ မှ အသက် ၈၁ နှစ်ကြားရှိသည့် အမျိုးသမီး ၂၄ ဦး နှင့် အမျိုးသား ၁၃ ဦးကို ၈ ပတ်တိတိ နေ့စဉ် လိမ္မော်ရည် ၅၀ဝ မီလီလီတာ သောက်သုံးစေပြီး လေ့လာကြည့်ခဲ့ရာ ၈ ပတ်အကြာတွင် ယင်းတို့၏ ဦးနှောက်ထဲရှိ စွမ်းရည်ပိုင်းဆိုင်ရာများမှာ တိုးတက်မှုများရှိလာသည်ကို တွေ့ခဲ့ရသည်။
လူကြီးများကို နေ့စဉ် လိမ္မော်ရည်သောက်သုံးပေးရန် တိုက်တွန်းနေစရာမလိုသော်လည်း လိမ္မော်ရည်သည် လူကြီးများ၏ မှတ်ဉာဏ်ကို ကောင်းမွန်လာစေနိုင်ခြင်းအား သိထားရန် လိုအပ်ကြောင်း သုတေသီများက ဆိုသည်။
(သူရိန်)