နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို ဆက်လက်ဖမ်းဆီး

ရန်ကုန် ဇူလိုင် ၂ ၃


ထိုင်းနိုင်ငံအနောက်ပိုင်းရှိ ဆန် ခလာဘူရီပြည်နယ်အတွင်း၌ တရားမဝင်နည်းလမ်းများဖြင့် ထိုင်းနိုင်ငံ အတွင်းသို့ ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၁၈ ဦးကို ထိုင်းရဲတပ်ဖွဲ့နှင့် လူဝင်မှုကြီးကြပ်ရေးအရာရှိများက ဖမ်းမိခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းစာကဖော်ပြသည်။


မြန်မာနိုင်ငံနှင့် ထိစပ်နေသော  နယ်စပ်ဒေသများကို ဖြတ်ကျော်ကာ ထိုင်းနိုင်ငံအတွင်းသို့ တရား မဝင်နည်းလမ်းများကို အသုံးပြုကာ  မြန်မာနိုင်ငံသားများ ဝင်ရောက်မှု မြင့်တက်လာခြင်းကြောင့် ထိုင်း ရဲတပ်ဖွဲ့နှင့် နယ်ခြားစောင့်တပ်ဖွဲ့များသည် မြန်မာနိုင်ငံနှင့်ထိစပ်နေသော နယ်စပ်တစ်လျှောက်တွင် လုံခြုံရေးတင်းကျပ်မှုများ ပြုလုပ်ထားသည်။


ဇူလိုင် ၂၂ ရက်က ဆန်ခလာဘူရီခရိုင်အတွင်း၌ ဖမ်းမိခဲ့သော မြန်မာနိုင်ငံသား ၁၈ ဦးကို ထိုင်းအမျိုးသမီးတစ်ဦးက ခေါ်ယူရန် စောင့်ဆိုင်းနေခဲ့ပြီး မြန်မာနိုင်ငံသားများ နယ်စပ်များကို ဖြတ်ကျော်ပြီးချိန်တွင် ဖမ်းမိခဲ့ခြင်းဖြစ်သည်။


ဖမ်းမိခဲ့သော မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံအတွင်း၌ အလုပ်လုပ်ကိုင်နိုင်ရန်အတွက် တရားမဝင်နည်းလမ်းများကိုအသုံးပြုကာ ဝင်ရောက်ရန် ကြိုးပမ်းခြင်းဖြစ်သည်။ ဖမ်းဆီးခံခဲ့ရသူများက ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက် နိုင်ရန်အတွက် တစ်ဦးလျှင် ဘတ် ၇၅ဝဝ ပေးအပ်ခဲ့ရပြီး ဘန်ကောက် မြို့နှင့် အနီးတစ်ဝိုက်တွင် တရားမဝင် အလုပ်လုပ်ကိုင် ရန်ဝင်ရောက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။   


မိုးခါး






အခြားဆက်စပ်သတင်းများ