နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မာဒါဂက်စ်ကာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုမြင့်တက်လာ၍ ဆေးရုံများတွင် လူနာသစ် လက်မခံနိုင်တော့ဟု ဆို

ဇူလိုင် ၂၃၊ အန်တာနာနာရီဗို


မာဒါဂက်စ်ကာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများ မြင့်တက်လာခြင်းကြောင့် လူနာသစ် လက်မခံနိုင်တော့မည့် အခြေအနေရှိနေကြောင်း ဆေးရုံများက သတိပေးထားသည်။ ဇူလိုင်လ ၂၂ ရက်က တစ်ရက်အတွင်း စံချိန်တင်လူနာသစ်တွေ့ရှိမှုအဖြစ် လူနာသစ် ၆၁၄ ဦး ထပ်မံတွေ့ရှိခဲ့ရာ စုစုပေါင်းလူနာ ၈၁၆၂ ဦး ရှိလာခဲ့ပြီး လူ ၆၉ ဦး သေဆုံးခဲ့သည်။ မာဒါဂက်စ်ကာသမ္မတက ကိုရိုနာဗိုင်းရပ်စ်ကို ကုသနိုင်ရန်အတွက် သစ်ဥ၊ သစ်ဖုများဖြင့် ဖော်စပ်ထားသည့် ဆေးရည်ကို သောက်ကြရန် တိုက်တွန်းလျက်ရှိသည်။ အာဖရိကနိုင်ငံအများအပြားကလည်း Covid-Oraganics ဟု အမည်ရသည့် ဆေးရည်ကို မှာယူထားကြသည်။ သို့သော် အဆိုပါဆေးရည်မှာ ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်နိုင်သည်ဆိုသည့် အထောက်အထားမရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်က ပြောသည်။ မာဒါဂက်စ်ကာနိုင်ငံမြို့တော် အန်တာနာနာရီဗိုမြို့ရှိ ဆေးရုံများ တွင် ခုတင်လွတ်များ မရှိတော့ဟု ဆိုသည်။

အခြားဆေးရုံနှစ်ခုမှ ဒါရိုက်တာများကလည်း မနိုင်ဝန်ထမ်းနေရသည့် အခြေအနေဖြစ်ကြောင်း ထုတ်ပြောထားသည်။ ပြီးခဲ့သည့်တနင်္လာနေ့တွင် ကျန်းမာရေးဝန်ကြီးက စမ်းသပ်ရေးကိရိယာများ၊ အသက်ရှူကိရိယာများ၊ ကျန်းမာရေးဝန်ထမ်းများအတွက် တစ်ကိုယ်ရေကာကွယ်ရေးဝတ်စုံများ ပေးအပ်ရန် ထောက်ပံ့ရေးအေဂျင်စီများကို အိတ်ဖွင့်ပေးစာဖြင့် တောင်းဆိုခဲ့သော်လည်း ယင်းကဲ့သို့ တောင်းဆိုခြင်းမှာ ဝန်ကြီးတစ်ဦး၏အလုပ်မဟုတ်ကြောင်း အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူက တုံ့ပြန်ခဲ့သည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ