နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဗင်နီဇွဲလားတရားသူကြီးချုပ်ကို အမေရိကန်နိုင်ငံက ကန်ဒေါ်လာ ၅ သန်း ဆုကြေးထုတ်

ဇူလိုင် ၂၃၊ ကရာကက်စ်


ဗင်နီဇွဲလားတရားသူကြီးချုပ် မိုရီနိုကို စီရင်ချက်ချမှတ်နိုင်စေရန် သို့မဟုတ် ဖမ်းဆီးနိုင်စေရန် သတင်းပေးသူကို အမေရိကန်ဒေါ်လာ ၅ သန်း ဆုချီးမြှင့်သွားမည်ဟု အမေရိကန်နိုင်ငံက ကမ်းလှမ်းထား သည်။ မိုရီနိုမှာ နိုင်ငံခြားသားများ ပါဝင်သည့် အုပ်စုဖွဲ့ ဒုစရိုက်မှုများတွင် ပါဝင်ခဲ့သည်ဟု အမေရိကန်နိုင်ငံက စွပ်စွဲထားသည်။ မိုရီနိုက အမေရိကန်နိုင်ငံ၏ စွဲချက်များကို ငြင်းဆန်ထားသည်။ မိုရီနိုမှာ သမ္မတ မာဒူရို၏ အစိုးရအဖွဲ့ဝင်များအနက် အမေရိကန်နိုင်ငံက ယခုနောက်ဆုံး ဆုကြေးဒေါ်လာသန်းချီ ထုတ်ခဲ့ရသူဖြစ်လာသည်။

အမေရိကန်နိုင်ငံက သမ္မတမာဒူရို၏ အစိုးရအဖွဲ့ကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုခြင်းမရှိပေ။ အသက် ၅၄ နှစ်ရှိသည့် မိုရီနိုမှာ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလကတည်းက ဗင်နီဇွဲလားနိုင်ငံ အထက်တရားရုံးချုပ်ကို ဦးဆောင်ခဲ့သူဖြစ်သည်။ အထက်တရားရုံးချုပ်မှာ (မာဒူရိုအစိုးရအဖွဲ့ မထိန်းချုပ်နိုင်တဲ့ တစ်ခုတည်းသော အဖွဲ့အစည်းဖြစ်တဲ့)အမျိုးသားလွှတ်တော်က အတည်ပြုသည့် ဥပဒေများကို ဖျက်သိမ်းခြင်း၊ ကျော်လွန် ဆုံးဖြတ်ခြင်း စသည့်ကိစ္စရပ်များတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ မိုရီနိုမှာ လာဘ်စားပြီး တရားပြိုင်များကို လွှတ်ပေးရန်၊ အမှုများကို ရုပ်သိမ်းပေးရန် တရားသူကြီးများကို ညွှန်ကြားခဲ့သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက စွပ်စွဲခဲ့သည်။ မိုရီနိုမှာ ယခုနှစ်အစောပိုင်းက ဖလော်ရီဒါပြည်နယ် တရားရုံးတွင် ငွေကြေးခဝါချမှုနှင့် စွဲချက်တင်ခံခဲ့ရသည်။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ