နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဟူစတန်မြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံးကို ပိတ်ပစ်ရန် အမေရိကန်အစိုးရ ညွှန်ကြား

ဇူလိုင် ၂၃၊ ဝါရှင်တန်


တက္ကဆပ်ပြည်နယ် ဟူစတန်မြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံးကို ဇူလိုင်လ ၂၃ ရက် နောက်ဆုံးထား ပိတ်ပစ်ရန် အမေရိကန်နိုင်ငံက ညွှန်ကြားခဲ့သည်။ တရုတ်နိုင်ငံက ဉာဏမူပိုင်ခွင့်များ ခိုးယူနေခြင်းကြောင့် ယခုကဲ့သို့ ဆုံးဖြတ်ချက် ချမှတ်ခဲ့ခြင်းဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုက ပြောသည်။ အမေရိကန်နိုင်ငံ၏ အဆိုပါလုပ်ရပ်မှာ နိုင်ငံရေးအရ ကျူးကျော်စွက်ဖက်မှုဖြစ်သည်ဟု တရုတ်နိုင်ငံက ဆိုသည်။ ဝါရှင်တန်မြို့ရှိ တရုတ်သံရုံးတွင်လည်း အသက်အန္တရာယ် ခြိမ်းခြောက်မှုများ ရင်ဆိုင်နေရသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။ အစောပိုင်း ထွက်ပေါ်ခဲ့သည့် ရုပ်သံမှတ်တမ်းများအရ ခွဲခြားဖော်ထုတ်နိုင်ခြင်းမရှိသူများက ဟူစတန်ကောင်စစ်ဝန်ရုံးထဲမှ အမှိုက်ပုံးများအတွင်း စက္ကူများကို မီးရှို့နေကြောင်း တွေ့ရသည်။ 

အမေရိကန်နှင့် တရုတ်နိုင်ငံကြား အချိန်အတော်ကြာကတည်းက တင်းမာမှု ဖြစ်ပွားခဲ့ပြီး ဒေါ်နယ်ထရမ့်အစိုးရက တရုတ်နိုင်ငံကို ကုန်သွယ်ရေးနှင့်ပတ်သက်၍ ထပ်ဖန်တလဲလဲ ထိုးနှက်ခဲ့သည့်အပြင် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါနှင့်ပတ်သက်၍လည်း ဝေဖန်တိုက်ခိုက်ခဲ့သည်။ ဟောင်ကောင်မြို့တွင် လုံခြုံရေးဥပဒေသစ် ပြဋ္ဌာန်းမှုနှင့်ပတ်သက်၍ အရေးယူပိတ်ဆို့မှုများလည်း ပြုလုပ်ခဲ့သည်။                                

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ