နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ခေါင်းကို သေနတ်ဖြင့်ပစ်ခံရ၍ အိန္ဒိယဂျာနယ်လစ်တစ်ဦး သေဆုံး

ဇူလိုင် ၂၃၊ နယူးဒေလီ


တူမဖြစ်သူကို ကာယိန္ဒြေပျက်ပြားအောင် လုပ်ခဲ့သည်ဟု စွပ်စွဲထားသည့် အမျိုးသားများက ခေါင်းကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် အိန္ဒိယဂျာနယ်လစ်တစ်ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ အသက် ၃၅ နှစ်ရှိသည့် ဗစ်ခရမ်ဂျိုရှီမှာ ဥတ္တာပရာဒက်ရှ်ပြည်နယ် ဂါဇီယာဘတ်ခရိုင်တွင် ပစ်ခတ်ခံရပြီးနောက် နှစ်ရက်အကြာတွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။ အဆိုပါတိုက်ခိုက်မှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က အမျိုးသားကိုးဦးကို ဖမ်းဆီးခဲ့သည်။ ဗစ်ခရမ်ဂျိုရှီ၏ တိုင်ချက်ကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးပေးခဲ့ ခြင်းမရှိကြောင်း၊ စွပ်စွဲခံရသူ အမျိုးသားများကို လက်စားချေတိုက်ခိုက်မှုလုပ်ရန် ခွင့်ပြုပေးရာရောက်ကြောင်း ယင်း၏ညီဖြစ်သူက ပြောသည်။ ခရိုင်ရဲမှူးချုပ်က ရဲအရာရှိနှစ်ဦးကို ရာထူးမှဆိုင်းငံ့ခဲ့ပြီး စုံစမ်းစစ်ဆေးမှုလုပ်ရန် ညွှန်ကြားခဲ့သည်။

စောင့်ကြည့်ကင်မရာများတွင် မှတ်တမ်းတင်နိုင်ခဲ့သည့် တိုက်ခိုက်မှုပုံရိပ်များကြောင့် ဗစ်ခရမ်ဂျိုရှီ၏ လုပ်ဖော်ကိုင်ဖက်များနှင့် အိန္ဒိယနိုင်ငံတစ်ဝန်းမှ ဂျာနယ်လစ်များကို နာကြည်းခံပြင်းစေခဲ့သည်။ ရုပ်သံမှတ်တမ်းတွင် အမျိုးသားတစ်စုက ဗစ်ခရမ်ဂျိုရှီ၏ ဆိုင်ကယ်ကို တားပြီး ယင်းကို ရိုက်နှက်ကာ သေနတ်ဖြင့် ပစ်ခဲ့ခြင်းဖြစ်သည်။ အခင်းဖြစ်ပွားစဉ်က ဗစ်ခရမ်ဂျိုရှီ၏ သမီးနှစ်ဦးမှာလည်း ဆိုင်ကယ်ပေါ်တွင် လိုက်ပါခဲ့သည်။ တိုက်ခိုက်မှုအပြီးတွင် အသက် ၁၁ နှစ်အရွယ်ရှိသည့် သမီးအကြီးက ဗစ်ခရမ်ဂျိုရှီ၏ဘေးတွင် ထိုင်ငိုနေသော်လည်း ကားနှင့်လူများက မကူညီပေးဘဲ ဖြတ်သန်းသွားလာနေကြောင်း တွေ့ရသည်။ အဆိုပါဖြစ်ရပ်ကြောင့် ဥတ္တာပရာဒက်ရှ်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ယာဒက်ဗ်အပါအဝင် အတိုက်အခံ နိုင်ငံရေးသမားများနှင့် ဂျာနယ်လစ်များက ဥတ္တာပရာဒက်ရှ်ပြည်နယ်၏ တရားဥပဒေစိုးမိုးမှုကို မေးခွန်းထုတ်ခဲ့ကြသည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ