နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တောင်ကိုရီးယားနိုင်ငံတွင် စီးပွားရေးကျဆင်းမှု ကြုံတွေ့နေ

ဇူလိုင် ၂၃၊ ဆိုးလ်


ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ပို့ကုန်လုပ်ငန်းကျဆင်းပြီး တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေရေး စည်းမျဉ်းများကြောင့် စက်ရုံလုပ်ငန်းများ ပုံမှန်မလည်ပတ်နိုင်ခြင်းကြောင့် ဆယ်စုနှစ် နှစ်ခုကျော်အတွင်း အဆိုးရွားဆုံး စီးပွားရေးကျဆင်းမှု ကြုံတွေ့နေသည့် တောင်ကိုရီးယားနိုင်ငံမှာ ၂၀၂၀ ပြည့်နှစ် ဒုတိယသုံးလပတ်တွင်လည်း စီးပွားရေးကျဆင်းမှု ထပ်မံကြုံတွေ့ခဲ့သည်။ 

အာရှတိုက်၏ စတုတ္ထမြောက်အင်အားအကြီးဆုံးဖြစ်သည့် တောင်ကိုရီးယားနိုင်ငံ၏ စီးပွားရေးမှာ ယမန်နှစ်နှင့် နှိုင်းယှဉ်ပါက ပြီးခဲ့သည့် ဧပြီလမှ ဇွန်လအတွင်း ၃ ဒသမ ၃ ရာခိုင်နှုန်းကျဆင်းသွားခဲ့ ကြောင်း ကိုရီးယားဘဏ်က ပြောသည်။ အဆိုပါကျဆင်းမှုမှာ ၁၉၉၈ ခုနှစ် ပထမသုံးလပတ်နောက်ပိုင်း အဆိုးရွားဆုံး စီးပွားရေးကျဆင်းမှုဖြစ်သည်။ တောင်ကိုရီးယားနိုင်ငံမှာ သုံးလပတ် နှစ်ကြိမ်ဆက်တိုက် စီးပွားရေးတိုးတက်မှု ကျဆင်းခဲ့ခြင်းကြောင့် စီးပွားရေးကျဆင်းသည်ဟု သတ်မှတ်နိုင်သည့် နိုင်ငံများတွင် ဂျပန်၊ ထိုင်း၊ စင်ကာပူနိုင်ငံများနှင့်အတူ ပါဝင်နေသည်။ သို့သော် တောင်ကိုရီးယားနိုင်ငံအနေဖြင့် ဒေသတွင်း စီးပွားရေးပြိုင်ဘက်များထက် ပိုမိုမြန်ဆန်သည့် အချိန်တိုအတွင်း စီးပွားရေး ပြန်လည် ဦးမော့လာနိုင်လိမ့်မည်ဟု သုတေသီများနှင့် ဥပဒေပြုသူများက ခန့်မှန်းထားသည်။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ