ရန်ကုန် ဇူလိုင် ၂၃
မြန်မာနိုင်ငံ၌ COVID-19 အလွန်ကျောင်းများ ပြန်လည်ဖွင့်လှစ်ရာတွင် အထောက်အပံ့ဖြစ်စေရန်နှင့် ပညာရေးပြုပြင်ပြောင်းလဲမှုအထောက်အကူပြုစေရန်ရည်ရွယ်ကာ ဥရောပသမဂ္ဂ (အီးယူ)က မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာနသို့ ယူရို ၃၇ ဒသမ ၆၂၅ သန်း မြန်မာကျပ်ငွေ (၅၉ ဒသမ ၆၉၃) ဘီလီယံကို ယခုနှစ် ပညာသင်နှစ်အတွက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း အီးယူသံရုံးမှ သိရသည်။
အဆိုပါထောက်ပံ့မှုနှင့်ပတ်သက်ပြီး အီးယူသံအမတ်ကြီး Kristian Schmidt က "COVID-19 အလွန်မှာ ကျောင်းတွေဘေးကင်းလုံခြုံစွာပြန်ဖွင့်နိုင်ဖို့နဲ့ မြန်မာနိုင်ငံပညာရေးပြုပြင်ပြောင်းလဲမှု အတွက် ထောက်ပံ့မှုဖြစ်စေရန် ယခုရန်ပုံငွေကိုထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ပါတယ်။ ကလေးတွေအသက် မွေးဝမ်းကျောင်းပညာရပ်တွေ ဆက်လက်သင်ကြားနိုင်ဖို့လည်း ရည်ရွယ်ပါတယ်။ အသက်မွေးဝမ်းကျောင်း ပညာရပ်တွေ ကလေးတိုင်းလက်လှမ်းမီဖို့က အရေးအကြီးဆုံးဖြစ်ပါတယ်"ဟု ပြောကြားသည်။
ထိုထောက်ပံ့ပေးမှုတွင် အီးယူက မြန်မာနိုင်ငံပညာရေးအတွက် ထောက်ပံသော ယူရိုငွေ ၂၂၁ သန်းအနက် တတိယအကြိမ်မြောက်ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင်အရည်အသွေးပြည့်မီသော ပညာရေး ကို အားလုံးလက်လှမ်းမီနိုင်စေရန်အတွက် ထောက်ပံ့ပေးအပ်ခြင်းလည်းဖြစ်ကြောင်း အီးယူသံရုံးမှသိရသည်။
ယင်းအထောက်အပံ့သည် ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးအစီအစဉ်များ၊ ရခိုင်ပြည်နယ်တွင်ပညာ ရေး လက်လှမ်းမီမှုရရှိရေးနှင့် ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲခြင်းတို့အကြောင်းကို အီးယူနှင့်အစိုးရတို့တွေ့ဆုံဆွေး နွေးခဲ့ကြသော ပညာရေးကဏ္ဍပြုပြင်ပြောင်းလဲရေးမူဝါဒဆွေးနွေးပွဲအပြီး ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရ သည်။
မင်းခ