နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြည်တွင်းဖြစ် နွားစာစဉ်းစက်များ အဆင့်မြှင့်တင်ထုတ်လုပ်လာ

တံတားဦး     ဇူလိုင်    ၂၃


မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့ရှိ ပြည်တွင်းဖြစ် နွားစာစဉ်းစက် ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းတွင် စက်များကို အဆင့်မြှင့်တင်ထုတ်လုပ်ကာ ခုတ်မှုတ်စက်များအဖြစ်  ပြုလုပ်ရောင်းချလျက်ရှိရာ ဒေသအသီးသီးမှ တောင်သူများက ကြိုတင်မှာယူမှု များပြားလျက်ရှိကြောင်း သိရသည်။ 

အဆင့်မြှင့်တင်ထားသည့် နွားစာစဉ်းစက် (ခုတ်မှုတ်စက်)များမှာ စဉ်းပြီးသော နွားစာများကို လိုရာ နေရာသို့ အရောက်ပို့ဆောင်သည့်စနစ်ကို အသုံးပြုထားသည်။ အများအားဖြင့် နွားစာသိုလှောင်သည့် အဆောက်အအုံအတွင်း တိုက်ရိုက်ပို့ဆောင်နိုင်သည်အထိ ပြုလုပ်ပေးထားကြောင်း သိရသည်။

လက်ရှိကာလ တံတားဦးမြို့ရှိ အောင်ကမ္ဘာစက်မှုလက်မှုလုပ်ငန်းမှ ဓားခုံ၊ သီးနှံခြွေလှေ့ပုံးများကို တွင်ကျယ်စွာထုတ်လုပ်ကာ နယ်အနှံ့ပို့ဆောင်ပေးလျက်ရှိသည်။ ပြည်တွင်းစက်မှုလုပ်ငန်းအနေဖြင့် အစိတ်အပိုင်းအားလုံးနီးနီး ပြည်တွင်းတွင်ပြုလုပ်ပြီး ၂ဝ၂ဝ ပြည့်နှစ်တွင် ဓားခုံ(နွားစာစဉ်းစက်) မော်တာ တပ်ဆင်ပြီး စက်အသေးများအပါအဝင် ကားဘီးတပ်ထားသည့်  နွားစားစဉ်းစက်လှည်းများပါ ပြုလုပ် ရောင်းချလာခဲ့သည်။

လက်ရှိကာလတွင် တံတားဦးမြို့ အောင်ကမ္ဘာစက်မှုလက်မှုလုပ်ငန်းမှ ပြည်တွင်းဖြစ်ဓားခုံ  (နွားစာစဉ်းစက်)အသေး၊ အလတ်၊ အကြီးများနှင့်အတူ ခုတ်မှုတ်စက်များကိုပြုလုပ်ကာ ဒေသအနှံ့တင်ပို့ ပေးလျက်ရှိသည်။ မော်တာတပ်ဓားခုံ(နွားစာစဉ်းစက်)တစ်လုံးလျှင် ငွေကျပ်ငါးသိန်း၊ အင်ဂျင်ဖြင့် တွဲဖက်မောင်းနှင်သည့် ဓားခုံအကြီးတစ်ခုလျှင်ငွေကျပ်ရှစ်သိန်း၊ ကားဘီးတပ်နွားစာစဉ်းစက်တင်သည့် ယာဉ်တစ်စီးလျှင် ငွေကျပ် ၂၁ သိန်း၊ ခုတ်မှုတ်စက်တစ်လုံးလျှင် ငွေကျပ် ၁ဝ သိန်းဖြင့် ရောင်းချလျက်ရှိပြီး  အရွယ်အစားအလိုက် စျေးနှုန်းအနိမ့်အမြင့်ရှိကြောင်း အောင်ကမ္ဘာစက်မှုလက်မှုလုပ်ငန်းပိုင်ရှင်က ပြောသည်။


မိုးခါး






အခြားဆက်စပ်သတင်းများ