နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နာမည်ကြီး Crazy Rich Asians စာရေးဆရာဝတ္ထုသစ်ကို ရုပ်ရှင်ရိုက်ကူး

ဇူလိုင်    ၂၃


နာမည်ကြီး ဟောလိဝုဒ်ရုပ်ရှင်ကားတစ်ကားဖြစ်သည့် Crazy Rich Asians စာရေးဆရာ Kevin Kwan ၏ နောက်ထပ်ဝတ္ထုတစ်ပုဒ်ကို ရုပ်ရှင်အနေဖြင့် ရိုက်ကူးပုံဖော်သွားရန်စီစဉ်ထားကြောင်း သိရသည်။ ထိုစာအုပ်အမည်ကို Sex And Vanity အမည်ပေးထားပြီး ဇွန် ၃၀ ရက်က ထွက်ရှိလာခဲ့အပြီးတွင် Sony Pictures မှရုပ်ရှင်ရိုက်ကူးရန် ဝယ်ယူခဲ့ခြင်းဖြစ်သည်။

အဆိုပါရုပ်ရှင်ကားသစ်ကို ယခင် Crazy Rich Asians ရုပ်ရှင်ကား ထုတ်လုပ်ခဲ့သည့် SK Global Entertainment နှင့် ပူးတွဲထုတ်လုပ်သွားမည်ဖြစ်သည်။

၂၀၁၈ ခုနှစ်တွင် ရုံတင်ပြသခဲ့ပြီး အောင်မြင်မှုများစွာရရှိခဲ့သည့် Crazy Rich Asians ရုပ်ရှင်ကို အမေရိကန် ရုပ်ရှင်ဒါရိုက်တာ Jonathan Murray Chu က ရိုက်ကူးခဲ့ပြီး ဆယ်စုနှစ် ၂ ခုကျော်အတွင်း ထူးထူးခြားခြား အာရှသရုပ်ဆောင်များ အသုံးပြုထားသည့် ဟောလိဝုဒ်ရုပ်ရှင်ကားတစ်ကားအနေဖြင့် စာရင်းဝင်ခဲ့သည်။

ထိုကားထဲတွင်ပါဝင်သည့် အဓိကဇာတ်ဆောင်မင်းသား၊ မင်းသမီးများဖြစ်ကြသည့် Constance Wu နှင့် Henry Goldings တို့သည်လည်း ပိုမိုလူသိများလာခဲ့ပြီး အဆိုပါရုပ်ရှင်သည် တစ်ကမ္ဘာလုံးတွင် ရုံတင်ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၃၈ သန်းကျော်ထိ ရရှိခဲ့သည်။  စာရေးဆရာကွမ်းက Sony Pictures၊ SK Global တို့ဖြင့် ထပ်မံတွေ့ဆုံအလုပ်လုပ်ရမည့်အပေါ် ပျော်ရွှင်နေကြောင်း ထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြထားသည်။

ယခုအသစ်ထပ်မံထွက်ရှိလာသည့် Sex And Vanity သည် ကြွယ်ဝချမ်းသာမှု၊ အချစ်နှင့်မတူညီသည့် ယဉ်ကျေးမှုများ၊ ခြားနားမှုများကို အခြေတည်ထားသော်လည်း Crazy Rich Asians ရုပ်ရှင်၏ နောက်ဆက်တွဲ မဟုတ်ကြောင်း ပြောထားသည်။

ယခင်ရုပ်ရှင်ကား Crazy Rich Asians ၏ နောက်ဆက်တွဲစာအုပ် Crazy Rich Girlfriend ကို Warner Bros ရုပ်ရှင်ထုတ်လုပ်ရေးက ဆက်လက်ရိုက်ကူးရန် ပြင်ဆင်နေကြောင်း သိရသည်။                               

(WP)






အခြားဆက်စပ်သတင်းများ