နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြန်မာ-အိန္ဒိယနယ်စပ်ဂိတ်များပိတ်ထား၍ ချည်ထည်ပြတ်လပ် ရက်ကန်းလုပ်ငန်းများ ရပ်ဆိုင်း

ဇူလိုင်  ၂၂


ကမ္ဘာတစ်ဝန်းကူးစက်ပျံ့နှံ့နေသည့် COVID-19 ကပ်ရောဂါကြောင့် မြန်မာ-အိန္ဒိယနှစ်နိုင်ငံ နယ်စပ်ဂိတ်များဖြစ်သည့် တမူး- မိုးရေးနယ်စပ်ဂိတ်နှင့် ရိခေါ်ဒါရ်- ဇိုခေါထာရ်နယ်စပ်ဂိတ်တို့ပိတ် ထားခဲ့သည်မှာ ရက်ကြာမြင့်ပြီဖြစ်သောကြောင့် ရက်ကန်းရက်လုပ်ရာတွင်အဓိကအသုံးပြုသည့် အိန္ဒိယနိုင်ငံထုတ်ချည်ထည်များ စျေးကွက်အတွင်းပြတ်လပ်နေသဖြင့် ရက်ကန်းလုပ်ငန်းများ ရပ်ဆိုင်း ထားရကြောင်း ကလေးမြို့နယ်ရှိ ရက်ကန်းလုပ်ငန်းရှင်များ ထံမှသိရသည်။


ကလေးမြို့နယ်အတွင်း တစ်ပိုင်တနိုင်ရက်လုပ်ကြသည့်ရက်ကန်းလုပ်ငန်းစင်ပေါင်း ၁၅ဝဝ ကျော် ရှိပြီး အဆိုပါရက်ကန်းစင်များမှ ချင်းရိုးရာအထည်များဖြစ် သည့် ဟားခါး၊ တီးတိန်၊ ဖလမ်း၊ မီဇိုး၊ ဇိုတုန်စသည့် ရိုးရာအထည်တို့ကို အဓိကရက်လုပ်ကြောင်း၊ အဆိုပါလုပ်ငန်းသည် နယ်စပ်ဂိတ်များမှ တစ်ဆင့်ဝင်ရောက်လာသည့် အိန္ဒိယနိုင်ငံထုတ် အိန္ဒိယချည်ကို အဓိကမှီခိုကြခြင်းဖြစ်ကြောင်း၊ COVID-19 ရောဂါကြောင့် မတ်လမှစ၍နယ်စပ်ဂိတ်များ ဝင်ထွက်သွားလာမှုပိတ်ထားသဖြင့် ချည်များပြတ်လပ်နေပြီး ရက်ကန်းလုပ်ငန်းများ ရပ်ဆိုင်းနေကြောင်း သိရသည်။


အိန္ဒိယချည်နှစ်ပိဿာပါအထုပ် တစ်ထုပ်လျှင် ယခင်က ငွေကျပ် ၂၉ဝဝဝ ခန့်ရှိပြီး ယခု အခါငွေ ကျပ် ၃၅ဝဝဝ ခန့်ရှိသော်လည်း စျေးကွက်အတွင်း အလွယ်တကူ ဝယ်ယူ၍မရကြောင်း၊ အိန္ဒိယချည် သည် ကျစ်လျစ်ခြင်း၊ရက်ကန်းရက်သည့်အခါ အထည်သားမပွခြင်းကြောင့် အိန္ဒိယချည်ဖြင့်သာ ရက်လုပ်ကြခြင်းဖြစ်ပြီးကလေး မြို့နယ်အတွင်း ရက်ကန်းလုပ်ငန်းကို နေအိမ်တွင်စင်ထောင်၍ တစ်ဖက် တစ်လမ်းမှဝင်ငွေရရန်လုပ်ကိုင်ကြခြင်းဖြစ်ကြောင်း ကလေးမြို့ရှိ ရိုးရာရက်ကန်းအထည်လုပ်ငန်း လုပ်ကိုင်သူဒေါ်နီလာဦးထံမှ သိရသည်။


ယခင် COVID-19 ရောဂါ မဖြစ်ပေါ်မီကာလ၌ ကလေးမြို့ပေါ်ရှိ အဆိုပါရက်ကန်းစင်များတွင် ရက်ကန်း လုပ်ငန်းလုပ်ကိုင်လာရခြင်းကြောင့် ဒေသအတွင်းအမျိုးသမီးများ  အလုပ်အကိုင်အခွင့်အလမ်းများရရှိလာ၍ တစ်ဖက်တစ်လမ်းမှလည်း ဝင်ငွေတိုးပွားလျက်ရှိပြီး ကလေးဒေသထွက် ရက်ကန်းထည်များကို အိန္ဒိယနိုင်ငံ အပြင် အခြားပြည်ပနိုင်ငံကြီးများသို့လည်းကောင်း၊ ပြည်တွင်းမြို့ ကြီးများဖြစ်သည့်ရန်ကုန်၊မန္တလေး၊ မုံရွာနှင့် အခြားမြို့ကြီးများရှိ ချင်းရိုးရာအထည်ဆိုင်များသို့လည်းကောင်းတင်ပို့ရောင်းချကြကြောင်း သိရသည်။


ကျော်ဆန်းမြင့်(ပြန်/ဆက်






အခြားဆက်စပ်သတင်းများ