နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သေနတ်သမားများ၏ ပြန်ပေးဆွဲခြင်းခံရသည့် ပါကစ္စတန်ဂျာနယ်လစ် ပြန်လည်လွတ်မြောက်လာ

ဇူလိုင် ၂၂၊ အစ္စလာမ်မာဘတ်


အစ္စလာမ်မာဘတ်မြို့ရှိ လူစည်ကားသည့်လမ်းပေါ်တွင် မည်သည့်အဖွဲ့သားဟု ခွဲခြားဖော်ပြနိုင်ခြင်း မရှိသည့် သေနတ်သမားများက ပါကစ္စတန်နိုင်ငံ၏ ထင်ပေါ်ကျော်ကြားသည့် ဂျာနယ်လစ်တစ်ဦးကို ပြန်ပေးဆွဲခဲ့သည်။ မာတီအူလာဂျန်မှာ ပါကစ္စတန်စစ်တပ်ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သူဖြစ်သည်။ လူမှုကွန်ရက်ပေါ်တွင် ယင်းကို ပြန်ပေးဆွဲခဲ့သည့် ရုပ်သံမှတ်တမ်း ထွက်ပေါ်လာခဲ့ပြီးနောက် လူအများက ပါကစ္စတန်ထောက်လှမ်းရေးတပ်ဖွဲ့၏ လက်ချက်ဟု ဝေဖန်ခဲ့ကြသည်။ ပါကစ္စတန်နိုင်ငံတွင် အင်အားသုံးခေါ်ဆောင်ခံရ၍ လူပျောက်ဆုံးမှုများ မြင့်တက်လာခြင်းမှာ ပါကစ္စတန်ထောက်လှမ်းရေးတပ်ဖွဲ့၏ လက်ချက်ဟု သတ်မှတ်ထားကြသည်။ 

ထိပ်တန်းတရားသူကြီးတစ်ဦး ပါဝင်သည့်အမှုနှင့်ပတ်သက်၍ ပါကစ္စတန်နိုင်ငံ ထိပ်တန်းတရားရုံး၏ စီရင်ချက်ကို ဝေဖန်ခဲ့ခြင်းကြောင့် တရားစီရင်ရေးထိခိုက်စေမှုဖြင့် တရားရုံးတွင် လာရောက်ထွက်ဆိုမှုမလုပ်မီ တစ်ရက်အလိုတွင် ပြန်ပေးဆွဲခံခဲ့ရခြင်းဖြစ်သည်။ ပြီးခဲ့သည့်အင်္ဂါနေ့တွင် မာတီအူလာဂျန်က ယင်း၏ဇနီးသည်ကို အလုပ်လိုက်ပို့ခဲ့ပြီးနောက် ရဲအမှတ်တံဆိပ်ပါဝင်သည့် ကားများနှင့် အရေးပေါ် လူနာတင်ကားတစ်စီးအပါအဝင် ကားအများအပြားက ယင်း၏ကားကို ပိတ်ဆို့ထားခဲ့ပြီး သေနတ်သမား တစ်ဒါဇင်ကျော်ကို ယင်းကို ပြန်ပေးဆွဲခဲ့ခြင်းဖြစ်သည်။ သို့သော် မာတီအူလာဂျန်မှာ နာရီပိုင်းအကြာတွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။ 

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ