နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြောင့် ဟိန္ဒူဘုရားဖူးခရီးစဉ်ကို ဖျက်သိမ်း

နယူးဒေလီ


နှစ်စဉ်နှစ်တိုင်း ၂ လကျော်ကြာမြင့်သည့် ဘုရားဖူးရာသီအတွင်း အမာနက်ယတြာဂူဘုရားသို့ ဟိန္ဒူဘုရားဖူး သိန်းချီလာရောက်လေ့ရှိသည်။ သို့သော် ယခုနှစ်တွင် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဖြစ်ပွားနေခြင်းကြောင့် ဂျမူးနှင့် ကက်ရှ်မီးယားဒေသရှိ ဝတ်ပြုဆုတောင်းရာနေရာအားလုံးကို ဇူလိုင်လ ၃၁ ရက်အထိ အများပြည်သူ လာရောက်ဝတ်ပြုခွင့် ပိတ်ပင်ထားသည်။ ပြီးခဲ့သည့်အင်္ဂါနေ့က အဆိုပါဒေသတွင် လူနာသစ် ၆၀၈ ဦး တွေ့ရှိခဲ့ခြင်းကြောင့် စုစုပေါင်းလူနာ ၁၅၀၀၀ အထိ ရှိလာခဲ့သည်။ အိန္ဒိယနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁.၁၉ သန်းရှိနေပြီး သေဆုံးသူ ၂၈၇၇၁ ဦး ရှိနေသည်။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ