နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယူကရိန်းသမ္မတ၏ ကြားဝင်ညှိနှိုင်းပေးမှုကြောင့် ဓားစာခံ ၁၃ ဦး ပြန်လွတ်မြောက်

ဇူလိုင် ၂၂၊ ကိဗ်


သမ္မတကိုယ်တိုင် ကြားဝင်ညှိနှိုင်းပေးပြီးနောက် ယူကရိန်းနိုင်ငံ လုအစ်မြို့ရှိ ဘတ်စ်ကားတစ်စီးပေါ်တွင် ဓားစာခံအဖြစ် ဖမ်းဆီးခံထားရသူ ၁၃ ဦးကို လုံခြုံရေးတပ်ဖွဲ့တွေက ကယ်တင်နိုင်ခဲ့ပြီး သေနတ်သမားကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပါတယ်။ ယူကရိန်းသမ္မတ ဇီလင်စကီးက ယင်း၏ဖေ့ဘွတ်ခ်စာမျက်နှာပေါ်တွင် ရုရှားဘာသာစကားဖြင့် ''၂၀၀၅ ခုနှစ်ထွက် Earthlings ရုပ်ရှင်ဇာတ်ကားကို လူတိုင်း ကြည့်သင့်ပါတယ်''ဟု ပြောထားသည့် ဗီဒီယိုတင်လိုက်ပြီးနောက် သေနတ်သမားက ဓားစာခံများကို ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။ ယခုဖြစ်ရပ်တွင် ဓားစာခံအားလုံး ထိခိုက်ဒဏ်ရာရခဲ့ခြင်းမရှိပေ။ သေနတ်သမားမှာ အသက် ၄၄ နှစ်ရှိသည့် ခရီဗို့ရှ်ဟု အမည်ရသူဖြစ်ပြီး ယခင်က စီရင်ချက်ချမှတ်ခံခဲ့ရဖူးသည်။ ယင်းမှာ ဘတ်စ်ကားပေါ်တွင် ဓားစာခံ ၁၃ ဦး ဖမ်းဆီးထားခဲ့ပြီးနောက် အစောပိုင်းတွင် ဓားစာခံ ၃ ဦးကို ပြန်လွှတ်ပေးခဲ့ပြီး နောက်ပိုင်းတွင် ဓားစာခံ ၁၀ ဦးကို ထပ်လွှတ်ပေးခဲ့သည်။ တိရစ္ဆာန်အခွင့်အရေးကို မီးမောင်းထိုးပြသည့် Earthlings မှတ်တမ်းရုပ်ရှင်ဇာတ်ကားမှာ ပွဲတော်ငယ်များတွင် ဆုတော်တော်များများ ဆွတ်ခူးနိုင်ခဲ့သည်။

Earthlings ဇာတ်ကားတွင် တိရစ္ဆာန်များအပေါ်  မှီခိုနေရသည့် ကမ္ဘာ့စက်ရုံလုပ်ငန်းကြီးများ၏ လုပ်ရပ်များကို ဖော်ပြထားပြီး အချို့ပြကွက်များတွင် လျှို့ဝှက်ကင်မရာများဖြင့် ရိုက်ကူးထားသည်။ ဓားစာခံဖမ်းဆီးမှု အဆုံးသတ်ချိန်တွင် ရိုက်ကူးထားသည့် ဓာတ်ပုံအရ သေနတ်သမားကို မြေပြင်ပေါ် မှောက်ခိုင်းထားကြောင်း တွေ့ရသည်။ သေနတ်သမားက ဓားစာခံများ ဖမ်းဆီးထားချိန်တွင် တောင်းဆိုမှု များ လုပ်ခဲ့သည့်အနက် ယူကရိန်းနိုင်ငံ၏ ထိပ်တန်းနိုင်ငံရေးသမားများက ကိုယ့်ကိုယ်ကိုယ် အကြမ်းဖက် သမားအဖြစ် လူသိရှင်ကြား ကြေညာရမယ်ဆိုသည့်အချက်လည်း ပါဝင်ခဲ့သည်။ ခရီဗို့ရှ်မှာ ယခင်ကလည်း လိမ်လည်မှု၊ တရားမဝင် လက်နက်ကိုင်ဆောင်မှု စသည့်စီရင်ချက်များကြောင့် ထောင်ထဲတွင် ၁၀ နှစ်ကြာ ထိန်းသိမ်းခံခဲ့ရသူဖြစ်သည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ