နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာဖဂန်နစ္စတန်မိန်းကလေးငယ်က တာလီဘန်လက်နက်ကိုင်နှစ်ဦးကို သတ်နိုင်ခဲ့

ဇူလိုင် ၂၂၊ ကာဘူးလ်


မိဘများကို သတ်ခဲ့သည့် တာလီဘန်လက်နက်ကိုင်များကို ပြန်လည်ခုခံတိုက်ခိုက်ပြီး လက်နက်ကိုင် နှစ်ဦးကို သတ်နိုင်ခဲ့သည့် အာဖဂန်နစ္စတန်နိုင်ငံ၏ ဆယ်ကျော်သက်မိန်းကလေးမှာ လူမှုကွန်ရက်ပေါ်တွင်  အာဂသတ္တိခဲမလေးအဖြစ် ချီးကျူးဂုဏ်ပြုခံခဲ့ရသည်။ ကောင်မလေးမှာ အသက် ၁၄ နှစ်နှင့် ၁၆ နှစ်ကြား အရွယ်ရှိသည်ဟု ယုံကြည်ထားသည်။ ယင်း၏အဖေက အစိုးရကို ထောက်ခံအားပေးသူဖြစ်၍ တာလီဘန် လက်နက်ကိုင်များက ယင်းတို့အိမ်ကို ရောက်လာပြီး တိုက်ခိုက်ခဲ့ကြခြင်းဟု ဆိုသည်။ ပြီးခဲ့သည့်ရက်ပိုင်း အတွင်း မိန်းကလေးငယ် သေနတ်ကိုင်ထားသည့် ဓာတ်ပုံမှာ လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့သွားခဲ့သည်။

နောက်ပိုင်းတွင် တာလီဘန်လက်နက်ကိုင်များက ယင်းတို့အိမ်ကို တိုက်ခိုက်ရန် ထပ်ရောက်လာ သော်လည်း ရွာသားများနှင့် အစိုးရကို လိုလားသည့် ပြည်သူ့စစ်တပ်ဖွဲ့က တိုက်ထုတ်နိုင်ခဲ့ကြပြီး မိန်းကလေးနှင့် မောင်ဖြစ်သူကို ဘေးကင်းလုံခြုံရာ ပို့ဆောင်ပေးနိုင်ခဲ့သည်။ အခင်းဖြစ်ပွားသည့် ဂိုအာပြည်နယ်မှာ အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်းတွင်တည်ရှိပြီး ဖွံ့ဖြိုးမှုနိမ့်ကျကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု မြင့်မားသည့် ပြည်နယ်တစ်ခုဖြစ်သည်။ တာလီဘန်အဖွဲ့မှာ ပြီးခဲ့သည့်ဖေဖော်ဝါရီလတွင် အမေရိကန်နိုင်ငံနှင့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုခဲ့သော်လည်း တာလီဘန်အဖွဲ့ဝင်များက လက်ရှိ အာဖဂန်နစ္စတန်အစိုးရအဖွဲ့နှင့် အခြေခံဥပဒေကို ဖယ်ရှားရန် ဆက်လက်တောင်းဆိုနေကြသည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ