ရန်ကုန်၊ ဇူလိုင် ၂၂
ကျောက်တံတားမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဇူလိုင် ၂၅ ရက်တွင် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာရာတွင် အသုံးပြုရမည့်ပုံစံများနှင့်ပတ်သက်၍ အသိပေးရှင်းလင်းခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၂၁ ရက် မွန်းလွဲ ၁ နာရီက မြို့နယ်ကော်မရှင်ရုံးတွင် ကျင်းပပြုလုပ်ခဲ့စဉ်။
(ရွှေနန်းမေ)