နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရေများများသောက်ပေးခြင်းမှာ အစာခြေဖျက်မှုအားကောင်းစေပြီး ကိုယ်အလေးချိန်လျော့ကျစေနိုင်

ဇူလိုင်  ၂၂


ရေသောက်သုံးမှုပိုများလာခြင်းမှာ လူများကို ယင်းတို့စားသုံးလိုက်သည့် အစားအစာများနှင့်ပတ်သက်ပြီးပိုမိုကောင်းမွန်သောထိန်းချုပ်မှုရရှိစေကြောင်း လေ့လာမှုတစ်ခုအရ သိရသည်။

ရိုးရိုးသောက်ရေသန့်များမှာ လူတို့၏ကယ်လိုရီရရှိမှုကိုလျော့နည်းသွားစေနိုင်ကြောင်း၊ အဘယ်ကြောင့် ဆိုသော် ရေသည် အဆီ၊ သကြား၊ ဆိုဒီယမ်နှင့် ကိုလက်စထရောတို့ကို ဓာတ်ပြယ်သွားစေနိုင်ခြင်းကြောင့် ဖြစ်ကြောင်း Illinois တက္ကသိုလ်မှ လေ့လာမှုက ဖော်ပြထားသည်။

ဇန်နဝါရီလတွင်ဖော်ပြခဲ့သည့် လေ့လာမှုတစ်ခုမှာလည်း နယူးယော့ခ်မြို့ရှိ ကျောင်းအချို့တွင် ရေသန့်စင် စက်များ တပ်ဆင်ပေးပြီးသည့်နောက် ကျောင်းသားများ၏ အဝလွန်ရောဂါဖြစ်ပွားနှုန်း လျှော့ချနိုင်ခဲ့ခြင်းကို တွေ့ရှိပြီးနောက်တွင် ယခုရှာဖွေတွေ့ရှိမှုကို ထုတ်ပြန်ခဲ့ခြင်းလည်းဖြစ်သည်။

Human Nutrition and Dietetics ဂျာနယ်တွင် ဖော်ပြခဲ့သည့် လေ့လာမှုအသစ်တစ်ခုအရ သုတေသီများ သည် အသက် ၁၈ နှစ်နှင့်အထက် အရွယ်ရောက်ပြီးသူ ၁၈၃၁၁ ဦးတို့ကို လေ့လာထားသည့် အမျိုးသား ကျန်းမာရေးနှင့် ခွဲခြမ်းစိတ်ဖြာမှုလေ့လာရေး၏ အချက်အလက်များကို သုံးသပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


(သူရိန်)






အခြားဆက်စပ်သတင်းများ