နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကြောင်လျှာပင်နှင့် ကျန်းမာရေး

ရန်ကုန်၊  ဇူလိုင် ၂၂


ကြောင်လျှာပင်သည် ခါးသက်သက်အရသာရှိသည်။ အဆိုပါကြောင်လျှာပင်သည် မြန်မာ့တိုင်ရင်းဆေးပညာ အသစ်တစ်ဖန် ပြန်လည်ထွန်းကားလာလျက်ရှိသည်။ ကြောင်လျှာပင်သည် ဆေးဖက်ဝင်အပင်မျိုးဖြစ်သည်ကို သိရှိကြသော်လည်း ကြောင်လျှာပင်၏ ကျန်းမာရေးဆိုင်ရာကောင်းကျိုးများစွာပေးစွမ်းနိုင်သည့် အချက် အပြည့်အစုံကို သိရှိသူနည်းပါးသည်။  အဆိုပါအချက်များကိုသိရှိစေရန် အောက်တွင်ဖော်ပြပေးထားသည်။

ကြောင်လျှာအခေါက်ကို အမှုန့်ပြုလုပ်၍ ချင်း(ဂျင်း)ရည်၊ ပျားရည်တို့ဖြင့် ရောစပ်သောက်သုံးပေးပါက ပန်းနာချောင်းဆိုးရောဂါ ပျောက်ကင်းစေ၏။ အခေါက်မှုန့်ကို ရေနွေးတွင် ၂ နာရီခန့်စိမ်၍ စစ်ပြီး နံနက်/ည သောက်ပေးခြင်းဖြင့် အစာမကြေရောဂါပျောက်စေ၏။ ကြောင်လျှာခေါက်ကိုရေစိမ်၍ ၎င်းရေဖြင့် ပလုတ်ကျင်း ပေးပါက ခံတွင်းခြောက်ခြင်း၊ ကွဲခြင်း၊ အနာဖြစ်ခြင်းကို ပျောက်ကင်းစေသည်။

သားဖွားပြီး နာကျင်ကိုက်ခဲသည့်ရောဂါ၊ ခေါင်းတစ်ခြမ်းကိုက်ရောဂါများအတွက်လည်း ကြောင်လျှာခေါက် ကို အသုံးပြုခြင်းဖြင့် သက်သာပျောက်ကင်းစေသည်။

အမြစ်ခေါက်ကို အဆစ်အမျက်ရောဂါ၊ ဖျားရောဂါ၊ ဝမ်းဖော၊ဝမ်းရောင်၊ ဝမ်းကိုက်ရောဂါများအတွက် အသုံးပြုနိုင်၏။ ကြောင်လျှာရွက်ညှစ်ရေကို သောက်ပေးပါက ဘိန်းဆိပ်သင့်ခြင်းကို ပျောက်ကင်းစေ၏။ ကြောင်လျှာရွက်ပြုတ်တို့စားခြင်းဖြင့် ဝမ်းမီးကောင်းစေ၏။ နားအူ၊ နားကိုက်ဖြစ်ခြင်း ပျောက်ကင်းစေ၏။ ကြောင်လျှာအသီးကိုပြုတ်၍လည်းကောင်း၊ မီးဖုတ်၍သော်လည်းကောင်း စားခြင်းဖြင့် အစာမကြေရောဂါ၊ လည်ပင်းကြီးရောဂါ၊ သရိုက်ရောဂါတို့ ပျောက်ကင်းစေ၏။ အသုပ်သုပ်စားခြင်းဖြင့် လည်ချောင်းတွင်း အပူဖု ပေါက်သောရောဂါပျောက်ကင်းစေသည်။

ကြောင်လျှာသီးနှင့်ကြက်သားတို့ကို ရောချက်စားပါက ပန်းနာရင်ကြပ်ရောဂါပျောက်ကင်းစေ၏။ ကြောင်လျှာသီးနှင့် ငါးရံ့တို့ ရောချက်စားပါက ကာလဝမ်းရောဂါပျောက်စေသည်။ အားကိုဖြစ်စေပြီး အစာမကြေ ရောဂါ၊ ဝမ်းပျက်ရောဂါပျောက်ကင်းစေ၏။ 

ကြောင်လျှာသီးနှင့်ပုစွန်တို့ရောချက်စားပါက နှလုံးလေရိုက်ရောဂါ၊ နှလုံးတုန်၊ ရင်တုန်ရောဂါ ပျောက်ကင်းစေ၏။ ကြောင်လျှာသီးနှင့် ငါးသလောက်တို့ ချက်စားပါက အဖောရောဂါကိုကျစေ၍ လူကို ဝဖြိုးစေပြီး နှလုံးအားနည်းခြင်းကိုပျောက်ကင်းစေသည်။ ကြောင်လျှာသီးနှင့် ငါးမြွေထိုးတို့ ချက်စားပါက ဒူလာသွေးဝမ်း၊ မီးယပ်သွေးဝမ်းနှင့် မြင်းသရိုက်ရောဂါတို့ကို ပျောက်ကင်းစေ၏။

ကြောင်လျှာအမြစ်ကိုသွေး၍လိမ်းပေးခြင်းဖြင့်အနာဝင်မန်းလိုက်ခြင်းပျောက်ကင်းစေသည်။ ကြောင်လျှာ သီးကို ၇ ရက် နှစ်ခါ စားပေးခြင်းဖြင့် သုတ်ခွန်အားတိုးပွားစေရုံသာမက ဒေါသသုံးပါးကို ငြိမ်းစေ၏။

ကြောင်လျှာအခေါက်အမြစ်တို့ကို သွေးလိမ်းပေးပါက လေဖြတ်လေငန်း တခြမ်းသေ၊ တပိုင်းသေ၊ သွေး မလျှောက်လေမလျှောက်၊ ထုံနာကျင်နာ၊ ချိနဲ့သောသူများ သက်သာပျောက်ကင်းစေ၏။

ကြောင်လျှာခေါက် ၆ ရွေးသား၊ ချင်းခြောက် ၆ ရွေးသား၊ ထန်းလျက် ၁၂ ရွေးသားတို့ကိုရော၍ အလုံးသုံးလုံး ရအောင်လုံး၍ နံနက်၊ နေ့၊ ည သောက်ပေးခြင်းဖြင့် သားဖွားမီးယပ်ရောဂါဖြစ်သည့် အမျိုးသမီးများ သားဖွားပြီးနောက် ၄-၅-၆ ရက်တိုင်အောင် ကြောက်မက်ဖွယ်ကောင်းသည့် ကိုက်ခဲနာကျင်ခြင်းတို့ကို ပျောက်ကင်းစေသည်။

ကြောင်လျှာခေါက်ရေနှင့်စပ်၍ နွားနို့၊ ပဲစင်းငုံရွက်သတ္ထုရည်ရောပြီး ရှူပေးပါက ခေါင်းတစ်ခြမ်းကိုက်ရောဂါ ပျောက်ကင်းစေ၏။


(WP)






အခြားဆက်စပ်သတင်းများ