နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မောင်းသူမဲ့ကားများ ပြေးဆွဲရန် Intel က စီစဉ်

ဇူလိုင်  ၁၂


Mobileye သည် ဂျာမနီနိုင်ငံအတွင်း အလိုအလျောက်ယာဉ် (AV) စမ်းသပ်မှုအတွက် လွတ်လပ်သည့် နည်းပညာဝန်ဆောင်မှုကုမ္ပဏီ TUV SUD ဆီက ပါမစ်ရထားကြောင်း PCMag သတင်းက ပြောသည်။

ဂျာမနီနိုင်ငံအတွင်းMobileyeသည်တရားဝင် AV Test ရထားပြီးမြို့ပြနှင့်ကျေးလက်ဒေသများတွင် စမ်းသပ်သွားမည်ဖြစ်ကြောင်း ပြောထားသည်။

စမ်းသပ်ချိန်တွင် အမြင့်ဆုံးမြန်နှုန်းအနေဖြင့် တစ်နာရီကီလို ၁၃၀(၈၁ မိုင်) နှုန်းအထိ မောင်းနှင်နိုင်မည်။ Mobileye ဒုဥက္ကဋ္ဌ ဂျိုဟန်းဂျန်ဝစ်က ထိုစမ်းသပ်ခွင့်လိုင်စင်သည် အနာဂတ် စီးနင်းလိုက်ပါမည့် ခရီးသည်များ၊ ကမ္ဘာ့ကားထုတ်လုပ်သူနှင့် နိုင်ငံတကာသယ်ယူပို့ဆောင်ရေးအေဂျင်စီများအတွက် အခွင့်အလမ်းတစ်ခု ပေးနိုင်ကြောင်း ပြောထားသည်။

Intel သည် ၂၀၁၇ ခုနှစ်တွင် အစ္စရေးမှ Mobileye ကို ဒေါ်လာ ၁၅ ဒသမ ၃ ဘီလျံဖြင့် ဝယ်ယူခဲ့သည်။ Mobileye သည် အလိုအလျောက်စနစ်ဖြင့် လမ်းကြောင်းရှာဖွေမောင်းနှင်နိုင်သည့် နည်းပညာဖြင့် Chips များထုတ်လုပ်နေပြီး မတော်တဆမှုမဖြစ်အောင် သတိပေးစနစ်အသုံးပြုရန် လုပ်ဆောင်နေသည်။ Itel သည် မကြာသေးမီကလည်း အစ္စရေးမှ Mobility ဝန်ဆောင်မှုတစ်ခုဖြစ်သည့် Moovit ကို ဒေါ်လာ သန်း ၉၀၀ ဖြင့် ဝယ်ယူခဲ့သည်။

Intel သည် Moovit နှင့် Mobileye နည်းပညာအသုံးပြုပြီး app အခြေခံ Ride-hailing ဝန်ဆောင်မှုတစ်ခု ပေးသွားရန် ရည်ရွယ်ထားသည်။ လတ်တလောတွင်လည်း ဂျေရုစလင်တွင်မောင်းသူမဲ့ကားများ စမ်းသပ်နေပြီး လာမည့် ၂၀၂၂ တွင် တယ်လ်အဲဗစ်၊ ဒေဂူးစီးတီး၊ တောင်ကိုရီးယားနှင့် ပါရစ်တို့တွင်လည်း မောင်းသူမဲ့ကားများ ပြေးဆွဲရန် စီစဉ်ထားကြောင်း သိရသည်။ 


(WP)






အခြားဆက်စပ်သတင်းများ