နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း We Love-Yangon အဖွဲ့ အား သွားရောက်ကြည့်ရှု အားပေး

ရန်ကုန် ဧပြီ ၁၂ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းသည် ဧပြီ ၁၂ ရက်၊ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းစင်တာ (MCC)ခန်းမ၌ ရှိသော We Love-Yangon အဖွဲ့အား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ ဝန်ကြီးချုပ်က အဆိုပါအဖွဲ့အား Covid-19 ရောဂါဖြစ်ပွားမှုကာလအတွင်း ပြည်သူများအား ဈေးနှုန်း သင့်တင့်မျှတစွာဖြင့် အခြေခံစားသောက်ကုန်များကို ကူညီရောင်းချပေးနေခြင်းကို ကျေးဇူးတင်ကြောင်း၊ စည်းကမ်းစနစ်တကျဖြင့် စီမံခန့်ခွဲဆောင်ရွက်ပြီး Covid-19 ရောဂါ ပြီးဆုံးသွားမှု နောက်ပိုင်းတွင် ပြည်သူများ အတွက် ဆက်လက်ကူညီဆောင်ရွက်ပေးနိုင်သည့် ကိစ္စများကို အကြံပြုဆွေးနွေးခဲ့သည်။ အဆိုပါ အဖွဲ့သည် Covid-19 ရောဂါဖြစ်ပွားနေမှု ကာလတွင် အများပြည်သူအတွက် အခြေခံ စားသောက် ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ကြက်သွန်နီ၊ ကြက်ဥ၊ ငါးသေတ္တာ၊ ငရုတ်သီးမှုန့်၊ ကော်ဖီ၊ ကွေကာအုပ်၊ ခေါက်ဆွဲ ခြောက်တို့အား အမျိုးအစားများ ၃ မျိုး ခွဲ၍ ဈေးနှုန်းသက်သာစွာဖြင့် အိမ်တိုင်ရာရောက် ရောင်းချပေး နေကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့






အခြားဆက်စပ်သတင်းများ