နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လယ်ယာသုံးစက်ကိရိယာများ သုံးစွဲရေး

ရန်ကုန်   ဇူလိုင်   ၂၂


မျက်မှောက်ကာလတွင် ပြောင်းလဲလာသော ခေတ်စနစ်နှင့်အညီ ကဏ္ဍအလိုက် ပြုပြင်ပြောင်းလဲလုပ်ဆောင် မှုများကို ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံသည် မူလအခြေအနေနှင့် ကိုက်ညီသော လယ်ယာကဏ္ဍပြုပြင် ပြောင်းလဲရေးလုပ်ငန်းများကို ဖော်ဆောင်လျက်ရှိရာ ယခုအခါ အောင်မြင်မှုလမ်းစများကို မြင်တွေ့နေရပြီဖြစ် သည်။ စိုက်ပျိုးရေးလုပ်ငန်းများတွင် မူလဓားမဦးချမိရိုးဖလာစိုက်ပျိုးရေးနည်းများဖြင့် ဆောင်ရွက်လာကြရာ အကြောင်းအမျိုးမျိုးသော အခက်အခဲများ၊ ခေတ်မမီသည့် စိုက်ပျိုးရေးနည်းစနစ်များကြောင့် စိုက်ပျိုးရေး လုပ်ငန်းများတွင် တိုးတက်နှေးကွေးသည်။

လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွင် ပြောင်းလဲလာသည့် ကမ္ဘာ့ရာသီဥတုသည် လယ်ယာလုပ်သားများ၏ လုပ်ငန်းခွင်များ ရာသီချိန်အမီ ပြီစီးအောင် ဆောင်ရွက်နိုင်ရေးအတွက် ယနေ့ခေတ်ကာလအတွက် စိန်ခေါ်မှု တစ်ရပ်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် လယ်ယာလုပ်သားရှားပါးမှုပြဿနာသည်လည်း လယ်ယာလုပ်ငန်းခွင် များတွင် ကြုံတွေ့နေရသည်။ ယင်းအခြေအနေများကို ရင်ဆိုင်ဖြေရှင်းရန်အတွက် လယ်ယာလုပ်ငန်းခွင်များ ဆောင်ရွက်မှုများသည် စက်မှုလယ်ယာအခြေုပြုသည့် ဆောင်ရွက်မှုများအဖြစ်သို့ ကူးပြောင်းရန်လိုအပ်လာပြီ ဖြစ်သည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနအနေဖြင့် လုပ်ငန်းခွင် များတွင် လယ်ယာသုံးစက်ကိရိယာများ တိုးတက်သုံးစွဲလာရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

တောင်သူလယ်သမားများ စက်ကိရိယာများ ဝယ်ယူသုံးစွဲနိုင်ရေး ပုဂ္ဂလိကကုမ္ပဏီများ၊ ဘဏ်များနှင့် ပူးပါင်း၍လည်းကောင်း၊ သမဝါယမဝန်ဆောင်မှုလုပ်ငန်းများနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိသည်။ စွမ်းဆောင်ရည်မြင့်မားသော ထွန်စက်များ၊ လယ်ယာသုံးစက်ကိရိယာအစားထိုး သုံးစွဲလာသည်နှင့်အမျှ လယ်ယာသုံးစက်ပစ္စည်းကိရိယာများ ပြုပြင်ထိန်းသိမ်းရေးသင်တန်းများကို သက်ဆိုင်ရာဌာနများက ဖွင့်လှစ်လျက်ရှိသည်။ ပညာရပ်ကျွမ်းကျင်သူများ လေ့ကျင့်မွေးထုတ်ပေးလျက်ရှိရာ လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးနှင့် တစ်ဦးချင်းဝင်ငွေတိုးတက်ရေးကို အထောက်အပံ့ဖြစ်စေသည်။ စက်မောင်း၊ စက်ပြင် သင်တန်းဆင်းများအနေဖြင့် ယုံကြည်အားထားရသော စက်မှုလယ်ယာကျွမ်းကျင်လုပ်သားများဖြစ်စေရေး အတွက် သင်တန်းမှပညာရပ်များ၊ လက်တွေ့လုပ်ငန်းများ ပေါင်းစပ်ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်သည်။

သို့မှသာ နိုင်ငံတော်အတွက် အားထားရသော စက်မှုလယ်ယာကျွမ်းကျင်လုပ်သားများအဖြစ် စိုက်ပျိုးရေး ကဏ္ဍတွင် အားထားရာဖြစ်ပေါ်လာမည်ဖြစ်ပေရာ လယ်ယာကုန်ထုတ်စွမ်းအားမြင့်မားလာစေရန် အချိန်အခါ ကောင်းများကို ထိထိမိမိ အသုံးချကာ ခေတ်မီလယ်ယာစိုက်ပျိုးရေးစနစ်ကြီးပေါ်ထွန်းလာရေးအတွက် ဝိုင်းဝန်းဆောင်ရွက်စေချင်ကြောင်း။           ။






အခြားဆက်စပ်သတင်းများ