နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဖွင့်ခွင့်မရရှိသေးသည့် ကျောင်းများကို COVID-19 ကာလ စည်းမျဉ်း၊ စည်းကမ်းနှင့်အညီ ပြန်လည်ဖွင့်လှစ်ခွင့်ပြုရန်တောင်းဆို

ရန်ကုန်   ဇူလိုင်  ၂၂


ဘော်ဒါဆောင်များ၊ ဘော်ဒါဆောင်နှင့်တွဲလျက် သို့မဟုတ် ဘော်ဒါဆောင်နှင့်ချိတ်ဆက်ထားသည့် ကိုယ်ပိုင်အထက်တန်းကျောင်းများ၊ ကျူရှင်များကိုလည်း COVID-19 ကာလ စည်းကမ်းချက်များနှင့်အညီ     ပြန်လည်ဖွင့်လှစ်ခွင့်ပြုစေလိုကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာကျူရှင်ဆရာများသမဂ္ဂအဖွဲ့ချုပ်က တောင်းဆို လိုက်သည်။

ကျောင်းသားမိဘများ၏ အခက်အခဲ၊ ကျောင်းဆရာများ၏ အခက်အခဲ၊ အထူးသဖြင့် နိုင်ငံတော်၏ အညွှန့်အဖူးများဖြစ်ကြသည့် သားငယ်၊ သမီးငယ်များ၏အခက်အခဲကို သိရှိနားလည်းပြီးဖွင့်ခွင့်ပြုပေးရန်ကိုလည်း ဆရာကြီးဂုဏ်ထူးဦးသိန်းနိုင်က မေတ္တာရပ်ခံတောင်းဆိုထားသည်။

အခြေခံပညာအထက်တန်းအဆင့်ကို ဇူလိုင် ၂၁ ရက်မှစတင်၍ ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်သော်လည်းဘော်ဒါဆောင်များ၊ဘော်ဒါဆောင်နှင့်တွဲလျက်သို့မဟုတ် ဘော်ဒါဆောင်နှင့်ချိတ်ဆက်ထားသော ကိုယ်ပိုင် အထက်တန်းကျောင်းများ၊ ကျူရှင်များမပါဝင်သေးပေ။

အဆိုပါကျောင်းများအနေဖြင့်လည်း နိုင်ငံတော်မှသတ်မှတ်ထားသည့် စည်းမျဉ်း၊ စည်းကမ်းနှင့်အညီဆောင်ရွက်ထားလျှင် ဖွင့်ခွင့်ပြုသင့်သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာကျူရှင်ဆရာများသမဂ္ဂအဖွဲ့ချုပ်ဥက္ကဌ ဦးမြင့်ဝင်းကျော်က ပြောသည်။

ကျေးလက်ဒေသမှမြို့ပေါ်ကိုလာတက်မည့် ကျောင်းသား၊ ကျောင်းသူများ၊နယ်မြို့များမှ ရန်ကုန် ကဲ့သို့သော မြို့ကြီးများကိုလာတက်မည့်ကျောင်းသား၊ ကျောင်းသူများအတွက်ဖွင့်ခွင့်မရှိသေးသည့် ကျောင်း များကိုလည်း ပြန်လည်ဖွင့်လှစ်ခွင့်ပြုရန် ကိုယ်ပိုင်အထက်တန်းကျောင်းဆရာများ၊ ကျူရှင်ဆရာများက တောင်းဆိုလိုက်သည်။                                           

ကျော်စိုးသူ(City News)






အခြားဆက်စပ်သတင်းများ