နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျောက်ပန်းတောင်းမြို့နယ် ကြက်သွန်စိုက်တောင်သူများ လာမည့်ကြက်သွန်စိုက်ရာသီအရင်းအနှီးပင် ခက်ခဲနိုင်ဟုဆို

ကျောက်ပန်းတောင်း  ဇူလိုင်   ၂၂


မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက်တောင်ဆည် ပတ်ဝန်းကျင်ကျေးရွာများ၊ ရေဆုံးအုပ်စုကျေးရွာများ၊ စိတ္ထိန်းအုပ်စုကျေးရွာများသည် ဆောင်းကြက်သွန် အမြောက်အမြား စိုက်ပျိုးကြသည့်နေရာဒေသများဖြစ်ကာ ယခုနှစ် ကြက်သွန်နီ နုတ်သိမ်းစအချိန်က တစ်ပိဿာ ၅၀၀ ကျပ်နှုန်း ထိရှိခဲ့ရာမှ COVID-19 ကူးစက်ရောဂါကာလအတွင်း ဆောင်းကြက်သွန်ခေါ် လှောင် ကြက်သွန်ဈေးနှုန်း တစ်ပိသာ ၃၅၀ ကျပ်သာ ရောင်းချနေရခြင်းကြောင့် တစ်ပိဿာစိုက်စရိတ်ထက် အရှုံးဘက်ဈေးနှုန်းဖြင့် ရောင်းချနေရကြောင်း  လဲဂွကျေးရွာ ဆောင်းကြက်သွန်စိုက်တောင်သူ ဦးတင်ထွန်းအောင် ထံက သိရသည်။

ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် ဆောင်းကြက်သွန်ခေါ် လှောင်ကြက်သွန်စိုက်ပျိုးကြသည့် ကြက်မောက်တောင်ဆည် ပတ်ဝန်းကျင်ကျေးရွာများဖြစ်သည့် လက်ပံ့အိုင့်ကျေးရွာ ၊လဲဂွကျေးရွာ၊ ညောင်ဖြူပင် ကျေးရွာ၊ မုန့်ကုန်းကျေးရွာ၊ ကုန်းတဲ၊ မုန့်ကုန်း၊ ညောင်ချိုင်းတောင်၊ ညောင်ချိုင်းမြောက်၊ ကင်မွန်းခြုံ၊ မကျည်းတိုင်း၊ စည်ပင်သာ၊ ကိုင်းကျေးရွာ၊ ညောင်ပင်သာ၊ မြိုင်သာယာကျေးရွာ၊ အိုးအိုင်ကျေးရွာစသည့် ကြက်မောက်တောင်ဆည် ပတ်ဝန်းကျင် ကျေးရွာများ၊ ရေးဆုံးအုပ်စုကျေးရွာများ၊ ပုပ္ပားမြောက်ဘက် စိတ္ထိန်း အုပ်စုကျေးရွာများသည် ဆောင်းကြက်သွန်ခေါ် လှောင်ကြက်သွန်အမြောက်အမြားစိုက်ပျိုးကြသည့် ကျေးရွာ များဖြစ်ကြကာ ကြက်သွန်ပြန်လည်ရောင်းချချိန် ကြက်သွန်ဈေးနှုန်းအင်မတန်နည်းနေခြင်းကြောင့် ဆောင်း ကြက်သွန်စိုက်ကြသည့်တောင်သူများ ပြန်လည်စိုက်ပျိုးချိန် အရင်းအနှီးပင်မရရှိနိုင်ကြောင်း မုန့်ကုန်းကျေးရွာဆောင်းကြက်သွန်နီတောင်သူ ဦးနန်းတင်က ပြောပြသည်။

ဆောင်းကြက်သွန်ခေါ် လှောင်ကြက်သွန်စိုက်ပျိုးချိန်သည် ပျိုး(မျိုး)ထောင်ချိန်မှ နုတ်သိမ်းပြီးချိန်ထိ အချိန်ငါးလခွဲကြာမြင့်ကာ ရောင်းချိန်နှင့်ပါဆို နှစ်ပတ်လည်အထိထားရှိရကာ တော်သလင်း၊ သီတင်းကျွတ်၊ တန်ဆောင်မုန်းလတို့တွင် မဖြစ်မနေဈေးကောင်းသည်ဖြစ်စေ၊ ဈေးမကောင်းသည်ဖြစ်စေ ရောင်းချရကြောင်း သိရပြီး သီတင်းကျွတ်လနှင့်တန်ဆောင်မုန်းလတို့တွင် ဆောင်ကြက်သွန်နီဈေး ပုံမှန်တက်လေ့ရှိသော်လည်း ယခုနှစ် COVID-19 ကူးစက်ရောဂါကြောင့် ဆောင်းကြက်သွန်စိုက်တောင်သူများအရှုံးနှင့်ပင် ကြက်သွန်နီ  ရောင်းချချိန် ရာသီကုန်ဆုံးသွားမည်ကို စိုးရိမ်နေကြကြောင်းသိရသည်။

ကြက်သွန်ပျိုးထောင်ချိန်ဖြစ်သည့် သီတင်းကျွတ်လ၊ တန်ဆောင်မုန်းလတို့တွင် ကြက်သွန်ပျိုးစေ့များ မြေသားပေါင်ပြုလုပ်ကာ ပျိုးထောင်ကြကြောင်း၊ ပျိုးသက် ၄၅ ရက်ကြာလျှင် စိုက်ခင်းထဲသို့ရွေ့ပြောင်း စိုက်ကြရပြီး ပျိုးနုတ်ချိန်၊ စိုက်ပျိုးချိန် လူအင်အားအများအပြားဖြင့် စိုက်ပျိုးမှုအမြန်ပြီးစေရန် စိုက်ပျိုးရကြာင်း၊ ကောက်စိုက်သမတစ်ဦးလျှင် နံနက် ၈ နာရီခွဲ မှ ည နေ ၄ နာရီထိ ၅၀၀၀ ကျပ်နှုန်းပေးရကာ၊ အမျိုးသားတစ်ဦးလျှင် ၁၀၀၀၀ ကျပ်ပေးကြောင်း သိရသည်။ ကြက်သွန်စိုက်ပျိုးချိန် စတင်ပြီဆိုကတည်းက မြေဆီနွားချေး၊ ဆိတ်ချေး၊ ကြက်ချေး၊ ငုံးချေး၊ နှမ်းဖတ်၊ ပဲဖတ်များကြိုတင်ဝယ်ယူစုဆောင်းထားရကာ၊ ရေသွင်းစိုက်ပျိုးချိန်တွင်လည်း ရေဖျန်းသည့် စက်ပေါ်မူတည်ကာ ဓာတ်ဆီ၊ ဒီဇယ်ဆီဖြင့်ရေဖျန်းပေးရကြောင်း ချောင်းကြက်သွန်ခင်းများ နေ့စဉ် နံနက်၊ည ရေဖျန်းရပြီး၊ ကုန်းကြက်သွန်များ နှစ်ရက်တစ်ခါသုံးရက်တစ်ခါ ရေဖျန်းရေသွင်းရကြောင်း ညောင်ဖြူပင်ကျေးရွာ ကြက်သွန်စိုက်တောင်သူ ဦးဝင်းထိုက်က ရှင်းပြသည်။

ဆောင်းကြက်သွန်နုတ်ချိန်တွင် နုတ်ခ၊ သယ်ခ၊ ကုန်ကျစရိတ် အလွန်များခြင်းကြောင့် ကြက်သွန်ဈေးနှုန်း  ၃၅၀ ကျပ်ဖြစ်နေခြင်းမှာ ဆောင်းကြက်သွန်စိုက်တောင်သူများ ပြန်လည်စိုက်ပျိုးချိန် အရင်းအနှီးပင်ခက်ခဲနိုင်ကြောင်း ကြက်သွန်စိုက်တောင်သူများကပြောပြ၍သိရပြီး ကြက်သွန်တစ်ဧက စိုက်ပျိုးစရိတ် သိန်း ၂၀ ခန့်ကုန်ကျ ကြောင်း၊ ကြက်သွန်တစ်ပိဿာစိုက်ခအရင်းအနှီး (ဆောင်းကြက်သွန်) ၅၀၀ ကျပ် နှင့် ၅၅၀ ကျပ်ကြားကုန်ကျ စရိတ်ရှိခြင်းကြောင့် ကြက်သွန်စိုက်တောင်သူများ အရှုံးနှင့်ရောင်းချနေရကြောင်း သိရသည်။           


ကိုထိန်၊KPD






အခြားဆက်စပ်သတင်းများ