နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရာသီစာ နဂါးမောက်သီးများ စျေးကောင်းရရှိ

မိုင်းယောင်း ဇူလိုင်  ၂၂


မိုင်းယောင်းမြို့သည် မြန်မာနိုင်ငံ၏ အရှေ့ဘက်အစွန်ဆုံးမြို့ဖြစ်ပြီး ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင်တွင် တည်ရှိသည်။ လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဥယျာဉ်ခြံစိုက်ပျိုးခြင်းတို့ကို လုပ်ကိုင်ကြသည်။ တောင်သူအချို့မှာ နဂါးမောက်သီးကို တစ်ပိုင်တနိုင် စိုက်ပျိုးကြသည်။

ယခုအခါ မြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ရာသီစာနဂါးမောက်သီးများ လှိုင်လှိုင်ပေါ်နေလျက်ရှိရာ စျေးကောင်းရရှိ၍ ဝင်ငွေကောင်းလျက်ရှိသည်။

နဂါးမောက်ပင်များကို ဥယျာဉ်ခြံမြေနှင့် အိမ်ပိုင်မြေများရှိ စည်းရိုးများတွင် စိုက်ပျိုးထားကြပြီး အသီးသီး ချိန်တွင် ဆွတ်ခူးရောင်းချ စားသုံးနိုင်သည်။ အသီးအရွယ်ပေါ်မူတည်၍ သုံးလုံး ကျပ် ၁၀၀၀၊ လေးလုံးကျပ် ၁၀၀၀ စျေးကောင်းရရှိသည်။

မိုင်းယောင်းမြို့မှ ထွက်ရှိသော နဂါးမောက်သီးများကို တာလေ၊ မိုင်းဖြတ်မြို့များမှတစ်ဆင့် တာချီလိတ်၊ ကျိုင်းတုံမြို့ကြီးများအထိ တင်ပို့ရောင်းချလျက်ရှိရာ နဂါးမောက်သီး စိုက်ပျိုးသူများ စျေးကောင်းရရှိ၍ ဝင်ငွေကောင်းလျက်ရှိကြောင်း သိရသည်။                                                       


 စိုင်းအောင်ဇော်လင်း(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ