နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပရိသတ်မပါဘဲ ပထမဆုံးဂရင်းစလင်းပြိုင်ပွဲအဖြစ် ယူအက်စ်အိုးပင်းပြိုင်ပွဲနဲ့ စတင်မည်

ဇူလိုင်  ၂၂


COVID-19 ရောဂါကြောင့် ထိန်းချုပ်ကန့်သတ်မှုများ ဆက်လက်ပြုလုပ်ထားဉီးမယ်ဆိုပါက တင်းနစ်သမား အချို့မှာ ယူအက်စ်အိုးပင်းပြိုင်ပွဲကို လာရောက်ယှဉ်ပြိုင်ကြမည်မဟုတ်ဟု ဝင်ဘယ်ဒန်ချန်ပီယံဆုနှစ်ကြိမ်ရရှိထားတဲ့ ချက်တင်းနစ်အားကစားမယ် ပီထရာကေဗီတိုဗာက သုံးသပ်ပြောဆိုပါတယ်။

COVID-19 ကြောင့် တင်းနစ်ပြိုင်ပွဲများကို ရပ်နားထားရာမှ ပထမဆုံးဂရင်းစလင်းပြိုင်ပွဲအဖြစ် ယူအက်စ် အိုးပင်းပြိုင်ပွဲကို ဩဂုတ် ၁ ရက်မှစတင်ကာ ပရိသတ်မပါဘဲ ကျင်းပသွားမှာဖြစ်ပါတယ်။ အမေရိကန်နိုင်ငံတွင် COVID-19  ထပ်မံကူးစက်ခံနေရသူများဟာ နေ့စဉ်သောင်းချီရှိနေပြီး ကစားသမားများအတွက် Quarantine စည်းမျဉ်းများမှာ ရှင်းလင်းမှုမရှိဘဲဖြစ်နေပါတယ်။ “ဒီပုံစံအတိုင်းဆိုရင်တော့ တချို့တင်းနစ်သမားတွေ ပါဝင် ယှဉ်ပြိုင်ကြမှာ မဟုတ်ပါဘူး၊ ဘာတွေဖြစ်မလဲလို့ စောင့်ကြည့်နေတဲ့အထဲမှာ ကျွန်မလည်းတစ်ယောက်အပါ အဝင်ဖြစ်ပါတယ်။ ထိန်းချုပ်ကန့်သတ်ရေး အစီအစဉ်တွေက ရှုပ်ထွေးမှုတွေရှိနေပါတယ်”လို့ ကေဗီတိုဗာက ပြောဆိုခဲ့ပါတယ်။                                                                                                                           


(SO)






အခြားဆက်စပ်သတင်းများ