ရန်ကုန် ဇူလိုင် ၂၂
ပြည်သူ့ကျန်းမာရေးနှင့်စျေးများလုပ်ငန်းတာဝန်ခံအဖွဲ့ (ပြည်သူ့ကျန်းမာရေး) မှ ဇူလိုင်လ ၂၁ ရက်က လမ်းမတော်မြို့နယ် အထက(၁)နှင့်အထက(၂) တို့တွင် အထက်တန်းများ COVID-19 ကာကွယ်တားဆီးရေးလမ်းညွှန်ချက်နှင့်အညီပြန်လည်ဖွင့်လှစ်နေမှုအားသွားရောက်ကြပ်မတ်စစ်ဆေးခဲ့သည်။
ထို့အပြင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးအတွက် တာမွေမြို့နယ် ပုသိမ်ညွန်ရပ်ကွက်နှင့်ဒေါပုံမြို့နယ် ကြည်စုရပ်ကွက်များအတွင်းခြင်ဆေးမှုတ်ခြင်း၊ အဘိတ်ဆေးခပ်ခြင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ် ကန်တော်ကလေး(အရှေ့)ရပ်ကွက်တွင် ရပ်ကွက်လုံးကျွတ်အဘိတ်ဆေးခပ်ခြင်း၊ အစားအစာဘေးကင်းလုံခြုံသန့်ရှင်းစေရေး စမ်းချောင်းမြို့နယ်ရှိ KFC ကြက်ကြော်ဆိုင်နှင့် မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ J-Donut ဆိုင်နှင့် My Milk ဆိုင်များအားစစ်ဆေးခြင်း၊ စားသုံးရေးရာဦးစီးဌာနနှင့်ပူးပေါင်း၍ စမ်းချောင်းမြို့နယ်ရှိစားသောက်ဆိုင်များအားစစ်ဆေးခြင်းတို့ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
သွင်မောင်မောင်