နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဟောင်ကောင်အရေးနှင့်ပတ်သက်၍ ဗြိတိန်နိုင်ငံကို တရုတ်သတိပေး

ဇူလိုင် ၂၁၊ ဘေဂျင်း


ဟောင်ကောင်အရေးနှင့်ပတ်သက်၍ လမ်းမှားကို ဆက်လျှောက်ပါက ဗြိတိန်နိုင်ငံအနေဖြင့် နောက်ဆက်တွဲ အကျိုးသက်ရောက်မှုများ ကြုံရမည်ဟု တရုတ်နိုင်ငံက သတိပေးခဲ့သည်။ တရုတ်နိုင်ငံက ဟောင်ကောင်မြို့တွင် ချမှတ်ခဲ့သည့် လုံခြုံရေးဥပဒေသစ်နှင့်ပတ်သက်၍ ပြီးခဲ့သည့်တနင်္လာနေ့တွင် ဗြိတိန်နိုင်ငံက ဟောင်ကောင်မြို့နှင့် ချုပ်ဆိုထားသည့် အကျဉ်းသားလွှဲပြောင်းပေးအပ်ရေးသဘောတူ စာချုပ်ကို ဆိုင်းငံ့ခဲ့သည်။ ဗြိတိန်နိုင်ငံ၏ လုပ်ရပ်မှာ တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကို ပြောင်ပြောင်တင်းတင်း ကြားဝင်စွက်ဖက်နေခြင်းဖြစ်သည်ဟု ဗြိတိန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်က ပြောသည်။ 

''တရုတ်နိုင်ငံက ဗြိတိန်နိုင်ငံရဲ့ ပြည်တွင်းရေးကိစ္စတွေကို ဘယ်တုန်းကမှ မစွက်ဖက်ခဲ့ဖူးပါဘူး။ ဗြိတိန်နိုင်ငံကလည်း တရုတ်နိုင်ငံအပေါ် အဲဒီအတိုင်း ပြုမူသင့်ပါတယ်''ဟု ဗြိတိန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ် လျူရှောင်းမင်က ပြောသည်။ ယခုလအစောပိုင်းတွင် ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ဟောင်ကောင်ဒေသခံသုံးသန်းကို ဗြိတိန်နိုင်ငံတွင် လာရောက်အခြေချနေထိုင်ခွင့်ပြုပြီး ဗြိတိန်နိုင်ငံသား ခံယူခွင့်ပြုမည်ဟု ကမ်းလှမ်းထားသည်။ ထို့အပြင် ဗြိတိန်အစိုးရက 5G မိုဘိုင်းကွန်ရက်မှ တရုတ်နိုင်ငံ၏ 5G နည်းပညာကို ဖယ်ရှားရန် လိုအပ်သည်ဟု ကြေညာခဲ့သည်။ ဟောင်ကောင်မြို့တွင် နေထိုင်သူများကို ရုံးတင်စစ်ဆေးရန်အတွက် တရုတ်ပြည်မကြီးသို့ စေလွှတ်နိုင်မည့် အငြင်းပွားဖွယ် လုံခြုံရေးဥပဒေသစ်ကို တရုတ်အစိုးရက ချမှတ်ခဲ့ပြီးနောက် ဗြိတိန်နိုင်ငံက ယခုကဲ့သို့ လှုပ်ရှားခဲ့ခြင်းဖြစ်သည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ